Thursday 20 August 2015

One to Zero



ထီးတစ်လက်
အုန်းသီးတစ်လုံး
ဒုတ်တစ်ချောင်း
အားလုံးဟာ အသုံးဝင်ပါတယ်
သို့သော်  ..
ကိုယ်ကျိုးအတ္တမဆန်တက်ဖို့ပဲလိုပါတယ် . .။

ရေတစ်ခွက်
နွားနို့တစ်ပုလင်း
ထမင်းတစ်နပ်
အားလုံးဟာ အသက်ရှည်စေပါတယ်
သို့သော်  ..
အတိုင်းအဆမလွန်သုံးစွဲတက်ဖို့ပဲလိုပါတယ် . .။

ကဗျာတစ်ပုဒ်
ဆောင်းပါးရှည်တစ်ရွက်
ဝတ္ထုတို
အားလုံးဟာ နှလုံးသားအဟာရတွေပါ
သို့သော်  . .
ဖတ်တက်သူအသုံးချတက်ဖို့ပဲလိုပါတယ် . .။

ကိုယ်ရယ်
ချစ်သူရယ်
ပတ်ဝန်းကျင်ရယ်
အားလုံးဟာမရှိမဖြစ်ပါ
သို့သော် . . .
ရောနှောတက်တဲ့လူမှုဆက်ဆံရေးနားလည်ဖို့လိုပါတယ်  .. ။

ကိုးကွယ်ယုံကြည်ရာဘာသာတရား
အစိုးရ
ပြည်သူ
အားလုံးဟာ လောကသားတွေပါ
သို့သော်
နှလုံးသားဖြူစင်နူးညံ့ဖို့တော့လိုပါတယ်။
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...