Friday 13 March 2015

2015 ရဲသေးမင်းတမန် Solor Flare


သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ။
သဗ္ဗဒါနံ၊ခပ်သိမ်းသောအလှူတို့တွင်။ဓမ္မဒါနံ၊တရားအလင်းရောင်ကိုလှူသောအလှူသည်။
ဇိနာတိ၊အမွန်မြတ်ဆုံးသောအလှူတစ်ပါးဖြစ်ပါသည်။ တံ ၊ထို့ကြောင့်။
မယံ၊ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒကို ယုံကြည်မြတ်နိုးကိုးစားတော်မူသော အကျွန်ုပ်ဒိုးကြီးသည်။
ယံဓမ္မံ၊အကြင်တရားအလင်းအလှူကို ။ ဒေတိ၊ facebook စာမျက်နှာ၊blogစာမျက်နှာတို့တွင်
ပေးလှူပူဇော်ပါ၏။ မယံ အကျွန်ုပ်လှူအပ်သော ဓမ္မအလှူတော်ကို ။ ယံ ၊အကြင်သဘောတူသော
Share သူ  Like သူ သာဓုခေါ်သူတို့အား ။ လဘတိ ။ ထပ်တူထပ်မျှအတူရပါစေသတည်း။
~❈❀✿⊰❂⊱✿❀❈~ ~❈❀✿⊰❂⊱✿❀❈~
ကျွန်တော် တွေးမိပြန်ပါသည်။ နေအရမ်းခြစ်ခြစ်တောက်ပူနေသော
ရန်ကုန်ကတ္တရာလမ်းထက်မှာ ဖိနပ်ခပ်ပါးပါး ထီးအထူကြီးကိုဆောင်းပြီး
လမ်းလျှောက်နေချိန်ပေါ့ ခင်ဗျာ။
ကျွန်တော့လို့ပဲ အပူဒဏ်ကို ကြံ့ကြံ့ခံနိုင်ဖို့ ထီးတွေကိုယ်စီနဲ့ ရန်ကုန်မြို့
နေ့လည်ခင်းဟာ အာဏာရှင်တွေဖန်ဆင်းထားတဲ့ ငရဲပြည်အသစ်လား
လို့တောင်ထင်ရတယ်။
ရန်ကုန်မြို့တည်ရာ ကမ္ဘာမြေဟာ လွန်ခဲ့တဲ့နှစ် 3.5 ၊ 3.8 billion လောက်မှာ
ဖြစ်တည်ခဲ့ပါတယ်။ ဒါပေမယ့်  သက်ရှိဆိုလို ခင်ဗျားတို့ကျွန်တော်တို့
လူသားတွေကိုစတင်နေထိုင်ခွင့်မပေးခဲ့ပါဘူး။ 2 Billion လောက်ကြမှ
သစ်ပင်တွေကိုသာ စတင်နေထိုင်ခွင့်ပြုခဲ့ပါတယ်။
ကမ္ဘာမြေဟာ အယုတ္တမာစိတ်ကြီးတဲ့ ခင်ဗျားတို့ကျွန်တော်တို့လူသားတွေကို
စတင်ရှင်သန်ခွင့်မပေးခဲ့ပါဘူး။ သက်ရှိရိုးသားတဲ့ သစ်ပင်လေးတွေကိုသာ
ခြေချခွင့်ပေးခဲ့ပါတယ်။
အဲဒီအခါမှာ သစ်ပင်တွေက ရိုးသားစွာဖြင့် ကမ္ဘာမြေကိုအလုပ်အကြွေးပြုခဲ့ပါတယ်။
နေ့စဉ် ကမ္ဘာမြေအတွက် အောက်ဆီဂျင်တွေကို တနင့်တပိုးသယ်ပိုးပေးခဲ့ကြတယ်
လေ။ အဲဒီတော့မှ ကမ္ဘာမြေဟာ အိုဇုန်းအလွှာတွေကို တစ်လွှာခြင်းတစ်လွှာချခဲ့
ပါတယ်။
လွန်ခဲ့သောနှစ် - 580 သန်း အထိကို ကမ္ဘာမြေဟာ ခင်ဗျားတို့ကျွန်တော်တို့ကို
လက်မခံခဲ့သေးဘဲ သေးငယ်သောပိုးမွှားကောင်လေးတွေကိုသာ ဖြစ်တည်ခွင့်
ပေးခဲ့တာပါ။ နောက်ဆုံးတော့ ခင်ဗျားတို့ကျွန်တော်တို့ကို လူရိုးလူသားတွေအဖြစ်
ကမ္ဘာမြေက ယုံလွယ်သွားတယ်လေ ဒါနဲ့  Homo erectus ဆိုတဲ့ လူသားမျိုးနွယ်
တွေဟာ အာဖရိကမှ လွန်ခဲ့သော နှစ် တစ်သန်း နှစ်သန်းလောက်ကမှပေါ်ပေါက်
လာခဲ့တာပါ။
အဲဒီကစပြီး ကျွန်တော်တို့ ခင်ဗျားတို့လူသားတွေဟာ ကမ္ဘာမြေအပေါ်ကိုယုတ်မာ
ပက်စက်မှုတွေကို စတင်ဖန်တီးခဲ့ပါတယ်။ ကျွန်တော်တို့ထက် အရင်စောပြီးကမ္ဘာ
မြေပေါ်ကိုရောက်လာခဲ့တဲ့ တိရိစ္ဆာန်တွေကို သတ်ဖြတ်စားသောက်တယ်။ သစ်ပင်
တွေကို ခုတ်ဖြတ်ဖျက်ဆီးတယ်။
ဒီနေ့ခေတ်မှာဆိုရင် တောရိုင်းတိရစ္ဆာန်ရှားပါးများကို ဒေါ်လာတွေနဲ့ရောင်းစားကြ
သလို အဖိုးတန်ကျွန်းသစ်တွေကိုလည်း ဒေါ်လာနဲ့ရောင်းစားနေတယ်ဆိုတာ
မြန်မာတွေသိကြပါတယ်။
အဲလို ယုတ်မာတဲ့ ခရိုနီအာဏာရှင်များကြောင့် ကမ္ဘာမြေဟာ ကျွန်တော်တို့ကို
သက်ရှင်နေထိုင်ဖို့ ခေါင်းခါလိုက်ပြီလေ။ သူဖန်တီးခဲ့တဲ့ အိုဇုန်းအလွှာတွေဟာ
အခုဆိုရင် ခပ်ပါးပါးလေးပဲကျန်တော့တယ်။ ဒါ့ကြောင့် အခု2015 မတ်လ 11
ရက်နေ့က နာဆာကထုတ်ပြန်လိုက်တဲ့သတင်းမှာ Solor Flare တွေဟာ နေ
ထဲမှာဖြာထွက်နေပြီတဲ့ . .။ မျက်လုံးနဲ့အရေပြားတွေကို နေရောင်မထိဖို့လိုအပ်
နေပါပြီတဲ့။ ဒါ ကျွန်တော်တို့ ခင်ဗျားတို့ကို သစ်ပင်တွေခုတ်ခြင်း၊ တောတောင်
တွေဖြိုခြင်း စတဲ့ အတ္တလွန်သော အာဏာရှင်ခရိုနီတွေကြောင့် ကမ္ဘာမြေကနေ
ပြန်ပေးလိုက်တဲ့ သေမင်းဓာတ်ရောင်ခြည်တွေပါပဲ။
ကျွန်တော်အဒီဓာတ်ရောင်ခြည်တွေမသင့်ဖို့ ရန်ကုန်ကတ္တရာမြေပေါ်မှာ
ထီးကြီးကိုဆောင်းရင်း လူတစ်စုရဲ့ယုတ်မာပတ်စက်မှုတွေကြောင့် လူသားမျိုး
နွယ်စုကြီးတစ်ခုလုံးကို ကမ္ဘာမြေက မောင်းထုတ်နေပြီဆိုတာကို တွေးတော
နေမိပါတော့သည်။
သဗ္ဗေ သတ္တာ မရဏာ
ဒိုးကြီး (ဗုဒ္ဓနိပါတပန်းချီ)


No comments:

Related Posts Plugin for WordPress, Blogger...