Monday 9 March 2015

အချစ်ကို ဘယ်နားက စချစ်ရင်ကောင်းမလဲ ?



အချစ်ကို ဘယ်နားက စချစ်ရင်ကောင်းမလဲ ?
ဘီယာကို ဘယ်နားက စသောက်ရင်အဆင်ပြေမလဲ?
ကျွန်တော်တို့ အဲလိုတွေးဖူးလား ဗျ။
ဒီနေ့မနက် ကျွန်တော့ စကားစုလေးအောက်က Comment
ပိုင်ရှင်အတွက် အဖြေလေးတွေကို အခုလို ချရေးမိတာပါခင်ဗျား။
ကဲ  . . ကျွန်တော်တို့ ကိုယ့်ချစ်မြတ်နိုးသူကို ဆိတ်ကွယ်ရာမှာ
ဘယ်နားက စချစ်ကြလည်း  . . .ခင်ဗျား။
ဟုတ်ကဲ့  ..  ဒီလိုပါပဲ ခင်ဗျား။
စာကို ဘယ်အပိုင်းကစဖတ်ရမလဲ  .. .ဆိုတာလည်းထို့အတူပါပဲ
ဟုတ်ကဲ့ ခင်ဗျား။ စာနဲ့အချစ်ဟာ အတူတူပါပဲ ။
ကိုယ်ချစ်တက်သလို စချစ်လို့ရသလို  .. ကိုယ်ဖတ်ချင်တဲ့စာကို
ဖတ်ရာမှာ ကိုယ်ဖတ်လိုတဲ့အပိုင်းကဏ္ဍကစဖတ်လို့ရပါတယ်။
အဓိကကတော့ အဓိပ္ပါယ်ပြည့်ဝသောစာကိုဖတ်ဖို့နှင့်ယငိးကို
မှတ်သားနိုင်ဖို့ပါပဲ။
ဒါတင်ပဲလား မကပါဘူးခင်ဗျာ။ ကျွန်တော်တို့ဖတ်ခဲ့ပြီးတဲ့စာတွေကို
လက်တွေ့ဘ၀မှာအချိုးအစားကျနစွာအသုံးချနိုင်ဖို့ကပို၍အရေးပါ
ပါတယ်။
ကျွန်တော်က တော့ အသက်ကလည်းလေးဆယ်ကျော်ပြီဆိုတော့
အချစ်ကိုလည်း ဘယ်နားကစချစ်ရင်ရမယ်ဆိုတာ  . .
ဘီယာကိုလည်း ဘယ်နားကစသောက်ရင် ကောင်းမယ်ဆိုတာ  ..
စာဆိုတာ ဘယ်နားကစဖတ်ရင် ရသမြောက်မယ်ဆိုတာ  . .
နဲနဲတော့  .. သိလာပြီခင်ဗျား  . .. .
လေးစားစွာဖြင့်
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...