Thursday 12 March 2015

ကိုယ်တွေ့



ရင့်ကျက်လာသည့်အလျှောက်  ..
ပရိတ်ပဋ္ဌာန်းတွေ ရွတ်ဖို့ထက် ယင်းပရိတ်ပဋ္ဌာန်းများ၏
အနက်အဓိပ္ပါယ်များကို အဘိဓာန်ကျမ်းတို့တွင် ရှာဖွေပြီး
ထိုထိုသောပါဠိတော်များ၏ မြန်မာမှုအနက်ဆံများကို
နှလုံးသွင်းဆင်ခြင်ပွားများသောအလေ့ထသည် ကျွန်တော့ဘ၀အား
ကြီးစိုးလာခဲ့ပါသည်။
ကျွန်တော် ငယ်ငယ်ကဆိုရင်  ..  ဂါထာမန္တာန်များကိုရွတ်ဖတ်ခြင်း
အားအလွန်ပင် ပီတိဖြစ်ခဲ့ပါသည်။ ထို့ကြောင့် အမြဲမပြတ်အားလပ်
တိုင်းရွတ်မိပါသည်။
အခုလို အသက်လေးဆယ်ကျော်၍ ဗုဒ္ဓပိဋကတ်များကိုထဲထဲဝင်ဝင်
ဖတ်မှတ်လာသောအခါ  .. . အရွတ်အဖတ်ထက် ကျင့်သုံးဆောက်တည်
မှုသည် အားကောင်းသောလုပ်ရပ်ဖြစ်ကြောင်းနားလည်လာပါသည်။
ကိုယ်တွေ့
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...