Wednesday 25 March 2015

အလုပ်မဟုတ်တာကို ၊ အဟုတ်မလုပ်နဲ့



ကျွန်တော်ရဲ့ မူရင်း Life က ပန်းချီ၊ဓာတ်ပုံလောကသားမဟုတ်ခဲ့ပါဘူး။
စာရေးရုံသက်သက်ပါ။ န၀တ ၊ နအဖ ခေတ်မှာကျွန်တော်ဆောင်းပါး
တစ်ပုဒ်ကို 3000 ကျပ်နဲ့ရေးခဲ့သလို ကဗျာတစ်ပုဒ်ကိုလည်း 3000ကျပ်နဲ့
ပင်တိုင်ရေးဖြစ်ခဲ့ပါတယ်။
အဲဒီတုန်းက Facebook ဆိုတာကြီးကို စိတ်မ၀င်စားခဲ့ပါဘူး။
ကိုယ့်ဘ၀အတွေ့အကြုံကို ချရေးရုံသက်သက်ပါ။ သိပ့်ထွေထွေထူးထူး
မရေးခဲ့ပါဘူး။
ကိုယ်ဘာစာဖတ်မိလည်း ထိုဖတ်မိသောစာကို ချဲ့ကားတွေးယူကြံ
ဆလိုက်တာပါ။
ချဲ့ကားရာမှာလည်း တမင်လုပ်ကြံဖန်တီးတဲ့လက်ရာမျိုးကိုမရေးပါဘူး။
တကယ်ဖြစ်နိုင်လောက်သော true-life ကိုသာရေးကွက်ဆင်
တက်ပါတယ်။
အခုလည်း ဒီနေ့မနက် ကာမနွံထဲမှာရှုန်းထွက်နိုင်ခြင်းမရှိသေးသော
ကျွန်တော့အချစ်ဆုံးသူငယ်ချင်းတစ်ယောက်အတွက် တွေးမိရာကနေ
ဒဿ နလေးတစ်ခုအရကောက်နိုင်ခဲ့လို့ အခုလိုမျှဝေတာပါ။
ကိုယ်သေသွားရင် အခြားသောရုပ်ဝတ္ထုပစ္စည်းကိုမဆိုထားနဲ့ ကိုယ့်ရဲ့
ခန္ဓာကိုယ်ကြီးသော်မှ သယ်ယူသွားလို့မရတာ။
ရနိုင်တာကတော့ . . .
မဖြစ်မနေ ပါမှာကတော့ ကိုယ်လုပ်လိုက်တဲ့ Action တွေပါပဲ။
ကိုယ်က good Action တွေများရင် No Action ပေါ်ကိုလွှမ်းမိုးပြီး ကိုယ့်
အနာဂါတ်သံသာရာခရီးက ကောင်းမယ်။ No Action တွေများရင်တော့ ]
အထူးပြောစရာမလိုတော့ဘူး ̏  ဒယ်အိုးထဲပေါ့˝
ဒါ့ကြောင့် နိစ္စဓူဝ ကိုယ့် အလုပ်အမူအကျင့်တွေကို သတိထားရမယ်။
ဒီလိုလေးသိလိုက်တာကိုယ်က ကိုယ့်နံက်ခင်းက ̏ အပ္ပမာဒနံက်မိုးသောက်˝ ပေါ့။
ဒီအသိပေါ်မှာ ကိုယ့်အမူအကျင့်ကို ̏ကုသိုလ်လော ၊ အကုသိုလ်လော˝
ဆိုပြီး စီစစ်ဝေဖန်ပြီးသကာလ ပြင်ဆင်ပြုပြင်အားထုပ်ရမယ်မဟုတ်လား။
ကဲ  ..  ကျွန်တော့ နံက်ခင်း ဒဿ လေးက  .. .
̏  အလုပ် ၊ မဟုတ်တာကို ။ အဟုတ် ၊ မလုပ်နဲ့˝
ပါတဲ့ ခင်ဗျား။
စကားကြွင်း။ ။
ဒီဒဿ      နလေးကို ကျွန်တော့ရဲ့ Gallery Work ရဲ့ လူမြင်သောနေရာလေးမှာ
ချပ်ဆွဲပြီး ဓမ္မအရောင်လေးထွန်းညှိထားမှာပါခင်ဗျား။ ခင်ဗျားတို့လည်းစိတ်ဝင်
စားရင် ဘနိုင်းထုတ်ပြီး ကိုယ့်ဘ၀နံရံလေးမှာ ကပ်ထားလိုက်လေ။
ဤဓမ္မအလင်းကုသိုလ်ကို Share သူ Like သူတို့အပြင် 31 ဘုံသားတို့အား
ဝေငှပါသည်။
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...