Thursday 5 March 2015

Aton တို့ပွတ်သပ်နေမိကြခြင်း


ကျေးဇူးတော့တင်ပါတယ်  . .
ကျွန်တော် အချို့စိကြိုက်ဆောင်းပါးများကဗျားကိုကျွန်တော်တကယ်
Tag လုပ်မယ့်ကြံသောအခါ  (50) ပြည့်နေပြီဟု facebook က
ကျွန်တော့ကို အောက်ဖေါ်ပြပါဓာတ်ပုံအတိုင်း Sorry လုပ်နေပါပြီ
ဘယ်လိုပဲဖြစ်ဖြစ် ကျေးဇူးတင်ပါသည်။ ဓမ္မအလင်းကိုဝေငှရာမှာ
မည်သူမည်ဝါပင်ဖြစ်ပါစေ ဝေငှကောင်းပါသည်။ ထိုသို့စိတ်နှလုံး
ထားတက်ခြင်းသည်ပင် ဓမ္မ၏ခေါင်းလောင်းထိုးသံလေးပင်ဖြစ်
ပါသည်။
ကျွန်တော်တို့အားလုံးဟာ အဆိုင်အခဲတွေမဟုတ်ကြပါဘူးခင်ဗျား။
အဘိဓမ္မသဘောနဲ့ပဲပြောပြော ၊ ဒြပ်စင်တို့၏နိယာမနဲ့ပဲဆိုဆို
ကျွန်တော်တို့ဟာ Aton တွေပါခင်ဗျား။
ဒါကို အချို့လူပြိန်းတွေကမသိတော့ မသိတဲ့အပေါ်မှာပဲ သာယာခြင်း
မသာယာခြင်းတွေဖြစ်ကုန်တယ်။ တကယ်တော့ သတ္တလောကကြီး
တစ်ခုလုံးဟာ Aton တွေအခြင်းခြင်းပွတ်သပ်နေကြတာပါ။
ဒါ့ကြောင့် အင်မတန်ချောလှတဲ့ အိန္ဒိယသူအပျိုဖြန်းလေးကို ဗုဒ္ဓ
မြတ်စွာက ̏ နင့် အသားတွေနဲ့ ငါ့ခြေမကိုတောင်အထိမခံခြင်ဘူး
ရွံတယ် ˝ လို့ ပြောခဲ့တာပေါ့။
ကျွန်တော်တို့ဟာ Aton ကိုမသိတော့ ကုတင်ပေါ်က ထိတွေ့တွန်း
ဖိသံတွေကို ရွံစရာအဖြစ် မသိမမြင်နိုင်ကြတာပေါ့။ ဗုဒ္ဓမြတ်စွာက
တော့ ဗောဓိပင်အောက်မှကတည်းက ဒီ Aton ကြီးကိုမြင်ခဲ့တာကိုး
ဒီတော့ ခေတ်စကားနဲ့ပြောရင် တကယ့်အမိုက်စား မော်ဒယ်မအန္ဒိယ
အပျိုစင်အစစ်ကလေးကို  .. . ရွံစရာကြီးတဲ့  .. ခင်ဗျား။
ဒါကိုကျွန်တော် ပိဋကတ်တွေဖတ်ရင်းနက်နက်နဲနဲသိလာခဲ့ပါတယ်။
အီတလီနိုင်ငံသား ရိုမန်ကက်သစ်ဘုန်းတော်ကြီး(သက်တော်25)နှစ်
ဟာ သမ္မာကျမ်းကြီးကိုအပြင်းအထန်ဆန့်ကျင်ခဲ့ဖူးရာမှာအခုလိုပြော
ခဲ့ပါတယ်။
̏ ကမ္ဘာသည် နေကိုပတ်၍ လူသည်သေးငယ်သော သတ္တ၀ါသာဖြစ်သည်˝
အဲလို သူ့တွေ့ရှိချက်ကို ကမ္ဘာ့လူသားများအားချပြခဲ့သောကြောင့်
အသက်25 နှစ်အရွယ်မှာပင် မီးရှို့သတ်ခြင်းကိုခံခဲ့ရပါသည်။
ဆိုလိုသည်ကား အထက်ကကျွန်တော်ပြောခဲ့သလို ကျွန်တော်တို့ဟာ
သေးငယ်သော Aton လေးများသာပါ။ ဒါကိုမသိဘဲ ကိုယ်ကိုယ်ကို
စိတ်ကြီးဝင်နေခြင်းဟာ ဒေါသနဲ့မောဟတရားဆိုးများကို သိမ်းပိုက်
နေခြင်းသာပါပဲ။
ထို့ကြောင့် ဗုဒ္ဓရဲ့အဘိဓမ္မကိုပဲလေ့လာလေ့လာ သိပ္ပံလောကကြီးကိုပဲ
ကြည့်ကြည့် ကျွန်တော်တို့ဟာ မတည်မြဲသော မခိုင်ခံ့သော အနတ္တသား
ကောင်စစ်စစ်တွေပါခင်ဗျား။
ဒီအသိလေးကို ကျွန်တော်တို့ ကိုယ်တိုင်သိမြင်နိုင်အောင်လေ့ကျင့်ကြ
ရပါလိမ့်မယ်။ ဒါဆိုရင်  . ..
မင်းက ကုလား ၊ ငါက တရုတ် ၊ အပိုအလုပ်တွေကို ရှောင်ကျဉ်နိုင်ပြီပေါ့။
ဘာသာရေးကို ခုတုံးလုပ် အကုသိုလ်အထုတွေကိုကန်ဖြုတ်နိုင်ပြီပေါ့။
အခုတောင် နံက်မိုးသောက်ပေတော့မယ်  . .
ကျွန်တော် နံက်ခင်းအတွက် သမ္မန္တာကို စက္က၀ါဠုလည်း အခုရေးတဲ့စကား
လုံးတွေက ဓမ္မတွေမို့  . ..  ကျွန်တော့နံက်ခင်းဟာ တကယ့်မင်္ဂလာနက်
နက်ခင်းတစ်ခုပါပဲ . . .
လေးစားစွာဖြင့်  ..

ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...