Wednesday 4 March 2015

သူတော်ကောင်းတရား ထွန်းကားပါစေ . .မြန်မာပြည်



̏ရှေ့ကနွားလား အဖြောင့်သွားသော်၊နောက်နွားတစ်သိုက်အဖြောင့်လိုက်၏˝
ဒီစကားလိုပါပဲဗျာ။ အောက်ခြေ ရဲ၊စစ်သား၊စသည်ဖြင့် ၀န်ထမ်းများဟာ
အထက်မှပေးအပ်သော တာဝန်ကိုကျေပွန်စွာထမ်းဆောင်ရမယ်ဆိုတဲ့
̏အမိန့်˝ ကြီးရှိနေတယ်။
အဲဒီအမိန့်ကြီးကြောင့် ̏ ပစ်˝ ဆိုတဲ့အမိန့်ပေးရင် ̏ ပစ်˝ ရတော့တာပါပဲ။
̏ ၀ပ်˝ ဆိုတဲ့အမိန့်ပေးရင် ̏ ၀ပ်˝ ရတော့တာပါပဲ။
သမ္မတ၊ ဥက္ကဌ ၊ဗိုလ်ချုပ်မှူးကြီး စသည် ခေါင်းဆောင်များသည်သာလျှင်
̏ ပဓာန˝ ဖြစ်ပြီး နောက်လိုက်များကိုတော့ ̏ အပဓာန˝ ဟု ပိဋကတ်တွင်
ဖွင့်ဆိုတော်မူပါသည်။ ကျွန်တော်ဒိုးကြီးရဲ့ ̏ အတ္တနောမတိ˝ စကားမဟုတ်ပါဘူး။
ထို့ကြောင့် ခေါင်ဆောင်ကြီးများဖြစ်ကြသော ̏ ပဓာန˝ တို့သည် သူတော်ကောင်း
စိတ်ဓာတ်များကိန်းအောင်း၍ တရားသဖြင့်မင်းပြုတော်မူသောအခါ ထိုနိုင်ငံရှိ
တိုင်းသူပြည်သား ရဟန်းရှင်လူတို့သည် စိတ်နှလုံးရွှင်ပြုံးကြရသည်။ ဆန်ရေစပါး
ဝပြောသာယာ၍ ဓမ္မတရား ထွန်းကားပြန့်ပွားပါသည်။
ထိုသို့မဟုတ်ဘဲ ဒေ၀ဒတ်ကဲ့သို့ မင်းဆိုးမင်းညစ်တို့အုပ်ချုပ်သောအခါ တိုင်းသူပြည်
သားတို့ ခြောက်ခြားတုန်လှုပ်ကြရသည်။ ပေါ်တာဆွဲခြင်း ၊ ဧည့်စရင်းစစ်ခြင်းစတဲ့
ညှင်းဆဲနှိပ်စက်ခြင်းများဖြင့် ထောင်သွင်းအကျဉ်းကျခံရသည်။ ဓမ္မနှင်ညီနေသော
ရှင်ရဟန်းများ ထောင်ကျသည်။ ဓမ္မနှင့်မညီသော ရဟန်းအယောင်ဆောင်တို့
ပလ္လင်တက်မင်းမူခွင့်ရကြသည်။ စေတီပုထိုးတို့ သတ္ထုသိုက်မလွတ်၍ ဘော်ဒိုဇာ
တို့ဖြင့် အဖျက်ခံရသည်။
သို့ဖြင့်ပါ၍  . .  လာမည့် 2015 တွင်  မြန်မာနိုင်နှိုက်  .. .
သူတော်ကောင်းသမ္မတများပေါ်ထွက်ပါစေဟု ဆုတောင်းရေရွတ်နေမိပါသည်။
ရင်နာစွာဖြင့်
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...