Friday 20 March 2015

တည့်ပြောမယ် . . .



တည့်ပြောမယ်  . . .
လူလူခြင်း ပွတ်သပ် feel တက်နေကြတာ။
လူလူခြင်း သတ်ဖြတ်ညှင်းဆဲနေကြတာ။
လူလူခြင်း အနိုင်ကျင့်ဗိုလ်ကျနေကြတာ။
ဘာသာရေးသရှဇ္ဈာယ် ကြောင်သူတော်ကြွက်ခုပ်နေကြတာ။
နေရမှာက တစ်ရာတမ်း  . .
သေရမှာက ခဏလမ်း  . .
အာဏာရှင်လည်း သေလမ်း  ..
မယာရှင်လည်းသေလမ်း  . .
အခုစာရေးသူလည်း သေလမ်း
အခုစာဖတ်သူလည်း သေလမ်း
မရွေးနဲ့ ရှောင်ဖို့လည်းမစဉ်းစားနဲ့
ကိုယ့်ရှေ့ကလူတွေ သွားနှင့်ပြီ  ..
ကိုယ်လည်း သွားရမှာ  ..
ကိုယ့်နောက်ကသူလည်း လိုက်ရမှာ  . .
ဒါ့ကြောင့် မသေခင်  . .. .
ဘုရားစေတီမဖျက်နဲ့ မဖြိုနဲ့  .. .
ရဟန်းသံဃာမသတ်နဲ့ ထောင်မချနဲ့  ..
ပြည်သူလူထုကိုမသတ်နဲ့ ထောင်မချနဲ့  ..
ကျောင်းသားတွေကို မဖမ်းနဲ့ မဆီးနဲ့
အပ္ပမာဒ  . . ငါရေးတာမဟုတ်ဘူး  ..
ဘုရားပြောတာ  ..  ဘုရားရေးခဲ့တာ  ..
သဗ္ဗေ သတ္တာ မရဏာ
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...