Monday 16 March 2015

ဝိဘဇ္ဇကဗျာသစ်



ချစ်သူမရှိလို့  . . .
ဘ၀ဟာ မဆိုပြေဘူးဆိုသော်လည်း
အာဏာရှင်တစ်ယောက်ရောက်လာပြီဆိုရင်တော့
ဘ၀တစ်ခုလုံးတင်မက သန်းပေါင်းများစွာသောပြည်သူတွေ
ဒုက္ခရောက်တော့တာပါ။

ထမင်းတနပ်လျှော့စားရတာက ပြဿ      နာမရှိဘူး
ထမင်းဖြစ်ဖို့ လယ်တွေအသိမ်းခံလိုက်ရတာကမှတကယ်ပြဿ     နာ
ဆိုတာ ခင်ဗျားတို့သိပါသလား?

Facebook ကြီးမရှိလို့လည်းဘာမှမဖြစ်ဘူး
အကြင်နာတရားတွေမရှိတော့ရင်သာ ပူလောင်ဖွယ်ရာပါ။

တွေးနိုင်အောင် အားရင်ချရေးပြနေတာပါ ကဗျာရေးနေတာရယ်
လို့မဟုတ်ပါဘူး။

ပညာတက်လူတမ်းစာတွေများဖို့မလိုဘူး
အသိဉာဏ်နှလုံးသာဖြူစဉ်တဲ့ လူတမ်းစားတွေများဖို့လိုတယ်။

ဓနဥစ္စာတွေရှိဖို့မလိုဘူး . ..
ကိုယ်ချင်းစာတရားတွေရှိဖို့လိုတယ်။

အသက်ရှည်စွာနေနိုင်ဖို့မလိုဘူး  . ..
နေခွင့်ရတဲ့အခိုက်မှာ ပြည်သူကို ဒုက္ခမပေးဖို့ပဲလိုတယ်။

နေ့စဉ်ဘုရားရှိခိုးနေဖို့မလိုဘူး . .
သူတစ်ပါးကို မကောင်းကြံစည်မှုမလုပ်ဖို့ပဲလိုတယ်။

ဘုရားစေတီကို မိုးထိအောင်တည်နိုင်ဖို့မလိုဘူး . . .
ကိုယ့်နိုင်ငံကို ငြိမ်းချမ်းရေးရဖို့ပဲလိုတယ် ။
ရင်နာစွာဖြင့်
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...