Friday 13 March 2015

Updaet


 ̏  ဟူး  ..  ဟူး  ˝
သက်ပြင်းတွေ အလီလီချ ၊ တို့ပြည်သူတွေဘ၀က
မောလှပါလားနော်  . . .။

̏ ကြွေးတင်ရှင် ရှင်ဘုရင်ဆပ်˝
အမေတဖွဖွ ပြောခဲ့တဲ့အဲဒီစကားပုံ
ဦးသိန်းစိန်တို့ခေတ်ကြမှ လွဲချော်ခဲ့ရလေပြီ . .။

̏ မိဘပြည်သူများ ခင်ဗျား˝
ကြွေးတင်ရင် ကျွန်တော်လည်းမဆပ်နိုင်ပါဘူး ..တဲ့ ။

ဘဘဦးသိန်းစိန်ရယ်  . . . .
ကျွန်တော်တို့ကဗျာ အဆီလည်းမစားရ အရိုးလည်းမကိုက်ရ
ထမင်းတောင်နပ်မမှန်တဲ့အပြင် ၊ ကြွေးသိန်းကျော်က
ဘယ်လိုငွေနဲ့ပြန်ဆပ်ရမှာတဲ့  . .လည်း။

တမလွန်ကအဖေရေ  . . .
ခင်ဗျား (န၀တ)ခေတ်မှသေတာကံကောင်းသွားတယ်။
နောက်မို့ဆို နိုင်ငံတကားကြွေး အဖေမသိဘဲ မဆပ်လိုက်ရလို့
အဒိန္နဒါနကံတောင် ထိုက်ဦးမှာလား ?။

ဒီနေ့မြန်မာပြည်မှာ
̏ ရှေးထုံးတွေလည်း ပယ်ရပေတော့မည်˝
̏ လွယ်စရာဈေးသုံးကတော့ ကြွေးတောင်မကြေသေးဘူး˝

မှားကုန်ပြီ  .. .
ရှေးထုံးတွေ စကားပုံတွေ
Up Date ပြန်လုပ်ရမယ့်သဘောရှိတယ် . . .။
စကားကြွင်း။
ဒီကဗျာကို  ပြည်သူတစ်ယောက်အနေနဲ့မခံစားနိုင်လွန်းလို့ရေးရခြင်းဖြစ်ပါတယ်။
ဒီကြွေးတွေကို ကျွန်တော်တို့လည်း မစားရဘဲ ပြန်ဆပ်ရမယ်ဆိုတာ မိုက်ရိုင်းလွန်းတယ်။
အသိဉာဏ်ရှိတဲ့ ပြည်သူတွေ ဒိုးကြီးလိုပဲခံစားကြမှာပါ။
စိတ်ပျက်မိတယ်။ မြန်မာပြည်မှာလူဖြစ်ရတဲ့ ဒုက္ခကို ရင်နာနာနဲ့ အခုလို ငိုလိုက်တာပါ။
သဗ္ဗေ သတ္တာ မရဏာ
ဒိုးကြီး (ဗုဒ္ဓနိပါတပန်းချီ)

No comments:

Related Posts Plugin for WordPress, Blogger...