Thursday 12 March 2015

သေတာကမထူးဆန်းဘူး ၊မသေတာကမှထူးဆန်းနေတာ



ကျွန်တော်တို့မှာ ခိုင်မာတဲ့အတွေးတွေရနိုင်ဖို့အတွက် ကျမ်းစာအုပ်
ကြီးတွေကို ပစ်ပယ်လို့မရပါဘူး။ ထိုထိုသောစာတွေမဖတ်သရွေ့
ကျွနတော်တို့မှာ ယောနိသောမနသိကာရဆိုတဲ့ လျှော်ကန်သော
အတွေးအမြင်များကိုမရနိုင်တော့ပါဘူး။
ဒါဆိုရင် အမှားအမှန်အကြောင်းအကျိုး အကောင်းအဆိုးကိုခွဲခြား
နိုင်သော ဉာဏ်များဟာ မသွေးသောဓားကဲ့သို့ပင်တည်း။
ပိဋကတ်အပြင်ဘက်ကဟု ပြောသူပြော အတွင်းထဲကဟု ဆိုသူကဆို
(စိန္တိတံ သတ္တသင်္ချေယျံ  .. . ) ပါဠိတော်သည်။ ယင်းအတွေးကိုပင်ဗဟို
ပြုသော စကားဖြစ်ပါသည်။
ထို့ကြောင့် ကျွန်တော်သည် လူလားမြောက်စဉ် ပိဋကတ်စာမျက်နှာကို
ဖတ်မိသောအချိန်ကစ၍ တွေးလာခဲ့ပါသည်။ အခုလည်းတွေးမိသည်ကား
(သေတာက မထူးဆန်း ၊ မသေတာကမှထူးဆန်းနေတာ)
ဒိုးကြီး(ဗုဒ္ဓနိပါတပန်းချီ)
ဟုတ်တယ်နော်  ..  သေခြင်းတရားသည် ဟိုး  .. ကမ္ဘာဦးကတည်းကရှီ
ခဲ့တာ။ မသေခြင်းတရားကတော့ တကယ့်ရှားပါးကုန်ပစ္စည်း။
ဒါကို ဗုဒ္ဓမြတ်စွာက တကယ်ရှားပါးသော မသေခြင်းတရားကို ကျွန်တော်
တို့အား ချပြခဲ့သည်မှာ  . ..
ပိဋတကက်စာပေကိုလေ့လာလိုက်စားသူတိုင်းသိမြင်ကြပါသည်။
ထိုဗုဒ္ဓရှင်တော်ရှာဖွေတင်ပြခဲ့သော မသေသောလမ်းကို ကျွန်တော်တို့
လိုက်နိုင်ဖို့အတွက် (၁) ဒါန (၂)သီလ(၃)၀ိပဿ      နာ၊ တို့ကို အစဉ်လိုက်
ဖြစ်စေ ခုန်ပျံ၍ဖြစ်စေ ပွားများနိုင်ကြရမည်ဖြစ်သည်။
ကျွန်ုပ်သည် ဒါကို ရှု့မြင်သုံးသပ်ခါ (၁)ဒါနကို ပြုလုပ်ရန်အားထုတ်ခဲ့ပါသည်။
သို့သော် ကျွန်ုပ်တွင် ဒေါ်လာကိုမဆိုထားနှင့်မြန်မာငွေပင် မပြည့်မီ။
ထို့ကြောင့် ကျွန်ုပ်တက်အပ်သော စကားရေးခြင်း ၊ ပန်းချီဆွဲခြင်းဖြင့်
(၁) ဒါနကို ဖြည့်ကျင့်တော်မူခဲ့ပါသည်။
မိတ်ဆွေသည်လည်း ကျွန်ုပ်နည်းတူစိတ်ဖြူပါက ကျွန်ုပ်ခေါင်းဆောင်၍
ဆရာဦးခင်မောင်နီ ဦးစီးသော (ဗုဒ္ဓနိပါတပန်းချီအဖွဲ့)သို့ Like ကလေး
တစ်ချက်ဖြင့် မသေသောလမ်းသို့ လျှောက်လှမ်းနိုင်ပါသည်။
ဇွတ်တော့အတင်းမတိုက်တွန်းလိုပါ  . ..
ဘ၀ဟူသည် မိမိဖတ်မှတ်တွေ့ကြုံခဲ့သောအတွေ့အကြုံကိုမူတည်၍
ဝါသနာဟူသည်လည်း ကွဲလွဲတက်ပြန်ပါသည်။
ထို့ကြောင့်  . ..  ၀ါသနာမတူလျှင် Sorry ပါခင်ဗျား။
သဗ္ဗေ သတ္တာ မရဏာ
ဒိုးကြီး (ဗုဒ္ဓနိပါတပန်းချီ)

No comments:

Related Posts Plugin for WordPress, Blogger...