Monday 2 March 2015

ခေါင်းပါးခြင်း



ဦနှောက်ထဲ . . .
မီးခိုးတစ်လူလူထွက်မှ
ရလာတဲ့ စကားလုံးတစ်ပါဒအတွက်
ကဗျာတစ်ပုဒ်ဆုံးသတ်ခဲ့ပါတယ် . . ။
မျက်လုံးထဲ . . .
အရောင်တွေ အပူလောင်မှ
ထွက်လာတဲ့ ပုံရိပ်အတွက်
ပန်းချီတစ်ချပ် အပြီးသတ်ခဲ့ပါတယ်  . . ။
အဲဒီလို  . ..
အတိဒုက္ခအသွယ်သွယ်ကြားက
စကားလုံးပန်းချီတွေထက် . . .  .
Sexy မလေးရဲ့ လျှပ်ပေါ်လော်လီမှုက
ပို၍ ပို၍ ခေတ်စားနေပေ၏ . . .။
သြော်  . ..
ဤသည်ကား  . . .
ဗာဟုသိပ္ပဉ္စတရားခေါင်းပါးခြင်း၏ ပြယုဂ်ပေတည်း . . .။
စကားကြွင်း ။ ။။
လေးစားစွာဖြင့် မေတ္တာရပ်ခံလိုပါတယ်။ အခုဓာတ်ပုံပါသားကြီးက ။
Like 1000 ရရင် ကျွန်တော့်ကို BLACK LABLE တစ်လုံးမစမယ်ဆိုတာကြောင့်
(1000) ပြည့်မီအောင်တော့ Like ပေးကြပါဦးခင်ဗျား
ဆင်ကိုခွေးမျှော်ရသော ကိန်းဆိုက်နေပါပြီ
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...