Wednesday 11 March 2015

ဗုဒ္ဓနိပါတပန်းချီအလှူအဖွဲ့



ဗုဒ္ဓမြတ်စွာသာသနာတော်ကြီး ထွန်းကားပြန့်ပွားတည်တံ့ပါစေခြင်းငှာ
ရည်ရွယ်၍ ဗုဒ္ဓမြတ်စွာဖြစ်စဉ်တော်များကို ကျွန်တော်တို့တက်စွမ်းသော
ပန်းချီပညာဖြင့်ရေးဆွဲတင်ပြလိုသောကြောင့် ဆရာဦးခင်မောင်ဏီမှဦးဆောင်
ကာ ဗုဒ္ဓနိပါတပန်းချီအဖွဲကို ဖွဲ့စည်းခဲ့ပါတယ်။
မြန်မာနိုင်ငံအ၀ှမ်းတွင်မက ကမ္ဘာအရပ်ရပ်ရှိ ဗုဒ္ဓ၀ါဒကိုသက်ဝင်ကြသော
ရဟန်းရှင်လူပြည်သူအပေါင်းတို့၏ ဘုရား၊တန်ဆောင်း၊သိမ်ကျောင်းများ
စက်ရုံအလုပ်ရုံ ကုမ္မဏီရုံးခန်းဆိုင်ခန်းများတွင် ကြည်ညိုပူဇော်လိုပါက
ဒါနအလှူတော်အဖြစ် ရေးဆွဲလှူဒါန်းမည်ဖြစ်ပါသည်။
Acrylic ဆေးဖြင့်၊ ၃ပေပတ်လည် ပန်းချီကားတစ်ချပ်အား မြန်မာကျပ်ငွေ
(၆၀၀၀၀) ခြောက်သောာင်းကျပ်ဖြင့်သာ ရောင်းပေးသွားမည်ဖြစ်ပါသည်။
ဝယ်ယူပူဇော်လိုသူများ အောက်ပါ ဖုန်းနံပါတ်တွင် ဆက်ဆွယ်ဝယ်ယူ
နိုင်ပါသည်။
မိမိတို့တည်ထားကိုးကွယ်သော ဘုရားကျောင်းနံရံများတွင် ဆီဆေးပန်းချီ
ဖြင့်ပူဇော်ထားရှိလိုပါကလည်း မည်သည့်အရပ်ဒေသမဆို ဗုဒ္ဓ၀ါဒအားထွန်း
ကားပါစေသောငှာ ကျွန်တော်တို့ နိပါတပန်းချီအဖွဲ့မှ ရေးဆွဲပေးသွားမည်
ဖြစ်ပါသည်။
ဈေးနှုန်းများကိုလည်း အဓိကမထားဘဲ အချိန်ကာလ ခရီးလမ်းပန်းဆက်သွယ်
မှုကို တွက်ချက်ပြီး ဒါနခရီးရိက္ခာ ဘ၀၀မ်းစာရေးရိက္ခာဖြစ်သောသင့်တင့်
သောဈေးနှုန်းဖြင့်သာရေးဆွဲပေးမည်ဖြစ်ပါသည်။
ကျွန်တော်တို့ ̏ဗုဒ္ဓနိပါတပန်းချီအဖွဲ့˝သည် ငွေကြေးထက် ကျန်ရှိနေသေးသော
မိမိတို့၏အချိန်ကို ဓမ္မခရီးအဖြစ်အသုံးချလို၍ အခုလိုဖွဲ့စည်းပြီးမိမိတို့တက်အပ်
သောပညာကို သံသာရအတွက် အကောင်းဆုံးအသုံးခြလိုက်ခြင်းသာဖြစ်ပါသည်
သို့ပါ၍ အများသူငှာများ ပိုမိုသိရှိစေရန် မိတ်ဆွေတို့မှ ထပ်မံ Share ပေးကြပါရန်
လည်း နိဗ္ဗာန်ကိုအကျိုးမျှော်၍ တိုက်တွန်းနှိုးဆော်အပ်ပါသည်။
လေးစားစွာဖြင့်
ဗုဒ္ဓနိပါတပန်းချီအဖွဲ့
ဆက်သွယ်ရန် . . . .
ဖုန်း . . .09795266625 /  0932227653
Gmail/ 72doegyi@gmail.com

No comments:

Related Posts Plugin for WordPress, Blogger...