Friday 20 March 2015

ကြောက်စရာထက် ကြောက်စရာ




News Feed မှာတောကြီးမြွေဟောက်ကို ကြောက်စရာအဖြစ်
ပုံတင်ထားတာကိုတွေ့တော့ တွေးစရာလေးတစ်ခုဝင်လာတယ်။
ကျွန်တော်တို့တွေ တကယ့်ကြောက်စရာအစစ်က ဘာလဲ?
အဲဒီအတွေးလေးကို ကျွန်တော် မျိုချမိတယ်ဗျ။
ဟုတ်တယ်  .. . ကျွန်တော်တို့လူသားတွေမှာကြောက်တက်စရာ
တွေတစ်ပုံတင်ကြီးပဲ  . ..
အဲဒီထဲကမှတကယ့်ကြောက်မက်ဖွယ်ရာကဘာလဲ?
ဒီအဖြေကိုကျွန်တော်တို့ ထုတ်နိုင်ရမယ်။
ကျွန်တော်ကတော့ လောကမှာကြောက်စရာအကောင်းဆုံးက
တော့ (အာဏာရှင်ပဲ)။
သေခြင်းတရားဟာကြောက်စရာဆိုတာကတော့ လူတိုင်းသိပါတယ်။
သို့သော် သေခြင်းတရားကိုကောင်းမွန်စွာယောနိသောမနသိကာရ
ရှိဖို့ စားဝတ်နေရေးဟာ အဓိကပေါ့။ ဒါ့ကြောင့် (အူမတောင့်မှသီလ
စောင့်မယ်) ဆိုတဲ့စကားပုံတွေပေါ်လာတယ်လေ။
စားဝတ်နေရေးမပြေလည်ရင် လူဟာကုသိုလ်နဲ့အကုသိုလ်ကိုမခွဲ
ခြားတော့ဘဲ အကုသိုလ်ကိုမလွှဲမရှောင်သာလုပ်ဖြစ်သွားတယ်။
အဲဒီအခါ ထိုသူအတွက်သေခြင်းတရားထက် ငရဲသည်ကြောက်
စရာဖြစ်သွားတယ်။ဒါ့ကြောင့် ဦးခြိုရှိသောအခြားသောသတ္တ၀ါတွေ
ဟာ ရှောင်လွှဲလို့ရတယ်ဗျ။ အာဏာရှင်ကတော့ရှောင်လွှဲ့လို့မရဘူး။
ဒီလိုမျိုးအသိတွေ မြန်မာပြည်သူတွေမှာရှီမရှိသိချင်ပါတယ်။
အဲလိုအသိတွေရှိရင် အာဏာရှင်ရဲ့ဘေးကလွတ်ပြီပေါ့ဗျာ။
လောကနိတိကျမ်းကတော့ ဦးချိုရှိသောသတ္တာဝါကို အတောင်
တစ်ရာလောက်ကနေ ရှောင်ရမယ်တဲ့။
အာဏာရှိသောသတ္တ၀ါကတော့ သူရှိနေသောနိုင်ငံမှာမနေမှရမယ်။
ကျွန်တော်ဒီလိုပဲတွေးမိပါတယ်။ ကျွန်တော်တို့ဒီနိုင်ငံမှာနေနေသရွေ့
ဆက်လက်သောဒုက္ခအ၀၀ကိုမသေမခြင်းခံကြရပေဦးတော့မည်။
အခုလည်းမစားမသောက်ရ ကြွေးငါးသိန်းကျော်ဆပ်ရဦးမယ်။
ကျွန်တော် 2015 ကိုကြောက်တယ်ဗျာ။
နောက်ထပ်တွေ့ကြုံရဦးမယ့် ပြည်သူတွေရဲ့ အနိဋ္ဌာရုံတွေကို
ကျွန်တော် မမြင်ခြင်တော့ဘူး။ ဖြစ်နိုင်ရင် သေခြင်းနိုင်ငံနဲ့
အခြားသောပြည်ပနိုင်ငံတစ်နိုင်ငံမှာ လူဖြစ်ခြင်ပါတယ်။
တကိုယ်ကောင်းဆန်တာတော့မဟုတ်ဘူးနော် ၊ စိတ်အားလျှော့နဲ
သွားခြင်းဖြစ်ပါလိမ့်မယ်။
ကျွန်တော့အတွေးများကို ဆက်လက်၍ တွေးကြည့်ကြပါလားဟု
တိုက်တွန်းပါတယ်။
သဗ္ဗေသတ္တာ မရဏာ
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...