Thursday 12 March 2015

ဗုဒ္ဓနိပါတ ပန်းချီ ဒါန


အားလုံးဟာ မသာကောင်တွေပါ  .. ။
ဘယ်ကောင်မှ သုဘရယ်လို့မရှိပါဘူး  . . အသုဘတွေချည်းသာပါ။
ဝိဇ္ဇာဉာဏ်မျက်လုံးတွေ ပိတ်ဖုံးကာကွယ်ထားခြင်းကိုခံရလေတော့ . .
ငါက ဗိုလ်ချုပ်မှူး ကြီး  .. .
ငါက တရားသူကြီးချုပ်  ..
ဘာ ချုပ်    .. . ညာချုပ်  .. နဲ့ အပိုအလုပ်တွေရှုပ်နေကြတာပါ။
ဟိုး  . . . သောဆီကတည်းက  . .
ကမ္ဘာကျော်တွေ   . . မသာပေါ်ခဲ့ကြတာပဲမဟုတ်ပါလား ခင်ဗျာ။
ဘုရားရှင်တောင်မှ
စကားလုံးလေးလှလှသုံးလိုက်ရလို့ ပရိနိဗ္ဗာန်စံလွန်တော်မူတယ်  .. တဲ့။
တကယ်တော့  . .
ခင်ဗျားတို့ ကျွန်တော်တို့လို့ပဲ သေခြင်းပဲမဟုတ်ပါလားခင်ဗျား။
သိန်းပေါင်းထောင်ကျော်တန်ကားကြီးမှာပေါ်မှာ အချိန်မရွေးသေနိုင်သလို
facebook သုံးနေရင်းလည်း ဗြုန်းစားကြီးသေပွဲဝင်နိုင်ပါတယ်။
ဒါ့ကြောင့် ကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးက
အသေမဦးခင် ဉာဏ်ဦးအောင်လုပ်  . .တဲ့။
ဟုတ်ကဲ့  .. .
ကျွန်တော်တို့ ညီအစ်ကိုများက အဲဒီစကားလုံးလေးကို ကြည်ညိုလွန်းလို့
ဗုဒ္ဓနိပါတ ပန်းချီ အဖွဲ့လေးကို ပူးပေါင်းဖွဲ့စည်းခဲ့ပါတယ်။
ဒေါ်လာစားများမဟုတ်တော့ ကျွန်တော်တို့မှာရှိတဲ့ကိုယ်ပိုင်ပန်းချီပညာဖြင့်
ဒါနပွဲကြီး ဆင်နွဲလိုက်ခြင်းဖြစ်ပါတယ်။
ဒီဒါနပွဲကို ခင်ဗျားတို့လည်း ပါဝင်နိုင်ပါတယ်။ ကိုယ်တိုင်ပန်းချီမဆွဲနိုင်ရင်
Like လေးတစ်ချက်နဲ့ ဗုဒ္ဓနိပါတ ဒါနကို ယူသွားနိုင်ပါတယ်။
မယူချင်ရင်တော့ Sorry ပါခင်ဗျား။
https://www.facebook.com/pages/Doe-Gyi/692306014199968?ref=bookmarks
https://www.facebook.com/692306014199968/photos/a.694172884013281.1073741828.692306014199968/715019795261923/?type=1
လေးစားစွာဖြင့်
သဗ္ဗေ သတ္တာ မရဏာ
ဒိုးကြီး (ဗုဒ္ဓနိပါတပန်းချီ)

No comments:

Related Posts Plugin for WordPress, Blogger...