Friday 13 March 2015

ပြေးလွှားခဲ့ရသော .. . သံသရာ



̏ ဟိတ် ˝  ̏ ရဟန်းကြီးဂေါတမ˝  ̏ မပြေးနဲ့ ˝

ပြောပြောဆိုဆို အဟိံသကသည် ဗုဒ္ဓနောက်သို့ ဓားဝံ့ကာလိုက်လေ၏။
သို့သော် သူကား မမီပေ။ ကြာတော့ မောဟိုက်လာသည်။ ဒေါသလည်း
တိုး၍ထွက်လာသည်။ ခုတ်မည့်ဓားကို ကျစ်ကျစ်ပါအောင်ဆုတ်ကာ . .

̏ ရဟန်းကြီးဂေါတမ˝
 ̏ ငါ မပြေးနဲ့လို့အတန်တန်ပြောနေတာမရဘူးလား˝

̏ အို ˝
 ̏ သင်ပြောကတည်းက ငါပြေးခဲ့ပါလား ˝
̏ ငါက ရပ်နေပါလျှက် သင်ကငါ့အား ပြေးနေသည်ဟု ဘာ့ကြောင့်စွပ်ဆွဲတာတုန်း˝

̏ တောက် ˝
အဟိံသကသည် ပို၍ ဒေါသထွက်သွားသည်။ ဂေါတမနောက်က
သူပြေးလိုက်နေရသည်မှာ လျှာပင်ထွက်နေပြီ။ ဒါကို ဂေါတမက
မပြေးပါဘူးဟု ပြောနေသည်။ ဒါမုသားသုံးနေတာပဲ။
ရဟန်းဖြစ်ပါလျှက် မုသားသုံးတာကို သူမုန်းသည်။ ထို့ကြောင့်  . .

̏ တယ် ˝  ̏ ရဟန်းဂေါတမ˝
 ̏ သင်ရဟန်းဖြစ်ပါလျှက် ဘာ့ကြောင့် မုသားကိုသုံးရတာလည်း˝

̏ အို ˝  ̏ အဟိံသက˝ ̏ ငါမုသားမသုံးဘူး˝
̏ သင် ငါ့ခြေဆုံ ငါ့ရပ်တည်ရာကို သေချာစွာကြည့်ပါ˝
̏ ငါဟာ ရပ်မြဲ ရပ်နေ၏ ၊ သင်ကား ပြေးမြဲ ပြေးနေ၏ ˝
̏ ငါသည် ယခုမှရပ်တည်နေသည်မဟုတ် ဗောဓိပင်အောက်မှာ
ဘုရားဖြစ်သည်ဆိုကတည်းက ငါ၏သံသရာခရီးသည် ရပ်တည်ခဲ့လေပြီ˝
̏ သင်ကား အခုမှပြေးနေရသည်ကားမဟုတ် သံသရာတစ်လျှောက်လုံး
သင်အခုလိုပြေးခဲ့ရသည် အခုလိုပဲ မောခဲ့ရသည်˝
̏ သင့်အတွက် ပန်းပန်းလှပါ၏ ˝
̏ အခု အချိန်သည်ကား သင့်အတွက် အချိန်ကောင်းပင်ဖြစ်သည်˝
̏ အပ္ပမာဒတရားသည် သင့်လက်ထဲရှိ ဓားထက် ပို၍အသုံးဝင်သည်˝
̏ ထို့ကြောင့် အဟိံသက ˝
 ̏ သင်၏ဓားကိုချ၍ ငါ၏တရားကိုနာလော့˝

လက်ညှိုးပေါင်း တစ်ထောင်မက ဖျက်ခဲ့သော အဟိံသက အခုတော့
သူ့ဘ၀ရဲ့သံသရာခရီးကို သူ့လက်ထဲက ဓားဖြင့် ဖျက်ခဲ့လေပြီ  .. . ။

လောကတွင် ဆရာကောင်းသမားကောင်းကိုမှီဝဲခွင့်မရသော
သူနာသည်သည်ရောဂါမသက်သာ။ သံသရာခရီးတွင်
လမ်းပြကောင်းမရသော် ရှည်လှသည်။

အခုတော့ဖြင့်  . . .
အဟိံသကသည် ဆရာကောင်းတွေခဲ့ပြီ ၊ ထိုဆရာကောင်းကျေးဇူးကြောင့်
သူ့မိခင်ကို သူမသတ်တော့။ သူ့အတွက် အကုသိုလ်တို့သည် ချုပ်ငြိမ်းခဲ့ရသည်။
လူတစ်ထောင်ကျော်ကို သတ်ဖြတ်ခဲ့သော အဟိံသကသည် သံသရာခရီးကိုပါ
သတ်ဖြတ်နိုင်ခဲ့လေသည်။
မှတ်ချက်။ ။
အင်္ဂုလိမာလဇာတ်အား စာရေးသူ၏နှလုံးသားဖြင့် ခံစားတည်းဖြတ်လိုက်ခြင်း
ဖြစ်သည် စာရှု့သူများလည်း သံသရာခရီးခဲကို အဟိံသကကဲ့သို့ ကိုယ်တိုင်ပဲ
ခုတ်ဖြတ်နိုင်စွမ်းရှိပါစေ  . ..
သဗ္ဗေ သတ္တာ မရဏာ
ဒိုးကြီး (ဗုဒ္ဓနိပါတပန်းချီ)

No comments:

Related Posts Plugin for WordPress, Blogger...