Sunday 15 March 2015

ဒိုးကြီး၏ သေတမ်းစာ (သို့) ယဉ်ကျေးမှုသေတမ်းစာများ



♥အဆက်ဆက်ခေတ် ၊ ပျက်မရစ်တည်ပုဂံ
♥မင်းအနော် ဘုန်းတော်ကြွစဉ်က
♥ဗုဒ္ဓေရောင် နေသို့ထွန်းခဲ့သည်
♥တည်သည့်ကမ္ဘာ့လင်း  . .
အထက်ပါကဗျာလေးဟာ ကျွန်တော်ထုတ်ဝေမည့်စာအုပ်၏ မျက်နှာဖုံး
ဆောင်းပါးကဗျာလေးပါခင်ဗျား။ အားလုံးရေးခဲ့ပြီးပါပြီ။ ဒါပေမယ့်ထုတ်ဝေ
ဖို့အတွက် စစ်မှန်သောဒီမိုကရေစီမရသော အခြေအနေမျိုးမှာ ကျွန်တော်
ဘာပြဿ နာမမဖြစ်ချင်ပါဘူး။ နောက်ပြီး ကျွန်တော်ရေးထားတာကလည်း
စစ်အာဏာရှင်စနစ်ရဲ့သားကောင် လူငယ်တစ်ယောက်ရဲ့ရင်ဘတ်နဲ့ရေး
ထားလေတော့ နေပြည်တော်ခေတ်မှာ ထုတ်လို့မသင့်ပါဘူး။
ဒါဆို မင်းက ဘာဖြစ်လို့ အခုလိုလာတင်ပြရတာလည်းဆိုရင် Facebook
စာမျက်နှာပေါ်မှာညိုမီသွင်က ပုဂံဘုရားတွေကို နောက်ခံထားတဲ့ဓါတ်
ပုံတွေတင်ထားတာတွေ့တော့  . . . .
ကျွန်တော့ရင်ဘတ်တွေ ထခုန်သွားတယ်  . . ။
လပေါင်းများစွာကြာ ရေးခဲ့ပြီးတဲ့ (ယဉ်ကျေးမှုသေတမ်း) စာအုပ်လေးဟာ
ခင်ဗျားတို့ရင်ဘတ်ထဲမှာလူးလူးခွင့်တောင်းလာတယ်။
ဒါနဲ့ အခုလို စိတ်အစာပြေလေးချရေးလိုက်တာပါခင်ဗျား။
ဟုတ်တယ်ဗျာ။ ကျွန်တော်တို့ ယဉ်ကျေးမှုတွေ သေကုန်ကြပြီ။
သေတမ်းစာအဖြစ် ပုဂံပုထိုးတော်များက သရဇ္ဈာယ်နေကြတယ်လေ  . .။
ခင်ဗျားတို့ ငြင်းရဲ သလား?
ပုဂံရဲ့ ယဉ်ကျေးမှုတွေဟာ အာဏာရှင်စနစ်ဆိုးကြောင့် ခပ်ပါးပါးပဲကျန်တော့တယ်။
သေဆုံးကုန်ကြတဲ့ ယဉ်ကျေးမှုတွေက သေတမ်းစာအဖြစ် ကျွန်တော့ရင်ဘတ်ကို
ထင်ဟပ်စေတယ်လေ  . .
ကျွန်တော်သေခြင်းရဲ့ သေတမ်းစာဆိုလည်းမမှားပါဘူး ခင်ဗျား။
ပုဂံယဉ်ကျေးမှုရဲ့ သေတမ်းစာ  . . ဒိုးကြီးရဲ့ သေတမ်းစာ အတူတူပါပဲ
ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုတွေ အနာဂါတ်တွေအားလုံးဟာ  . .. သေတမ်းစာ
အဖြစ်နဲ့ပဲ တည်ရစ်စေပါတော့တယ်  . . .
သဗ္ဗေ သတ္တာ မရဏာ
ဒိုးကြီး (ဗုဒ္ဓနိပါတပန်းချီ)

No comments:

Related Posts Plugin for WordPress, Blogger...