Monday 23 March 2015

Recycle Bin



အချိန်ကား ညဥ့်12 နာရီခန့်ရှိလေပြီ
ထမင်းလည်းစားပြီးပါပြီ ၀လည်းဝသွားပါပြီ  . .
သို့သော်ဓာတ်ပုံကတော့ဖြင့်တက်မလာသေးပေ။
ဖုန်းခေါ်ကြည့်တော့  ..
(ယခုခေါ်ဆိုသောဖုန်းသည် စက်ပိတ်ထားပါသည်) ဟု
ပြန်လည်ဖြေကြားနေပါသည်။ ရှေ့ဆက်၍ အခုလို ကတိမတည်
သောထိုသူနှင့် လက်တွဲ၍ မဖြစ်နိုင်မှန်းသိလိုက်ရသည်။
မုသာဝါဒသည် ထိုသူအတွက် ငှက်ပြောသီးအခွံနွှာစားသကဲ့သို့
လွယ်ကူနေပေသည်။
ထိုသို့သောသူများသည် လောကအတွက် မိမိအတွက် အသုံးပြု
၍ မရနိုင်သော Recycle Bin တွေပင်ဖြစ်တော့သည်။
အချို့သော Recycle Bin တို့သည် လောကလူသားများအတွက်
နည်းပညာဖြင့် သန့်စင်၍ အသုံးပြုလို့ရသေးသည်။
ကတိမတည်ကြည်သော သူကား ထိုလောက်ပင် မရခြေ။
တနည်းအားဖြင့် ယောနိသောမသိကာရလျှင် . .
အစိုးမရသောအနတ္တလက္ခဏပင်ဖြစ်လေတော့သည်။
သူ့အတွက် ဒီညသည် အချိန်များစွာပေးလိုက်ရသည်။ မနက်ဖန်မှာ
ဝက်ဆိုဒ်တစ်ခု (ဒိုမိန်းနိမ်း) ၀ယ်ရန်စိတ်ကူးထားသေးသည်။
ယင်းဒိုမိန်းနိန်းနှင့် မိမိ၏ ဘလော့ကို ချိပ်ရန် နည်းပညာလိုသေးသည်။
လွန်ခဲ့သော 2012 ခုလောက်က ချိပ်လိုက်တာ အဆင်ပြေသွားဖူးသည်။
အခုတော့ မေ့နေကုန်ပြီ။ ပြန်လုပ်၍ ရမည်မရမည်ကိုမသိ။
ဒီအတွက်စိတ်ကူးယဉ်ပုံဖေါ်နေချိန်မှာ အမှိုက်စတစ်ခုက လိုင်းပေါ်တက်
လာသည်။  ယင်းနှင့်စကားပြောနေရသည် ဗိုက်လည်းစားသည်။
အလုပ်တွေလည်းပျက်သည်။
လောကသည် စိတ်ကူးယဉ်သည့်အတိုင်း မဖြစ်တက် ယင်းသို့မဖြစ်တက်သော
ောလာကတွင် ဒိုးကြီးသည် စိတ်ကူးယဉ်လျှက်ရှိနေသေးသည်။
ဒီညအတွက်လည်း  .. .  စိတ်ကူးယဉ်မည်
မနက်ဖန်ညနေအတွက်လည်း  ..  စိတ်ကူးယဉ်မည်
ထိုသို့သောအကြောင်းကြောင့် ရှေးပညာရှိကြီးများက  ..  .
(လူတို့သည် ကြံရင်းဖြင့်သေသည် ငှက်တို့သည် ပျံရင်းဖြင့်သေသည်)
ဟု ဖွဲ့ဆိုတော်မူခဲ့ကြသည်။
ဒိုးကြီးသည် ကြံစည်စိတ်ကူးရင်းဖြင့် သေရဦးမည်တကားဟု  .. .
စကားကြွင်း။  ။
ဤစာကားစုအား တိုက်ဆိုင်မှုရှိပါက ခွင့်လွှတ်နားလည်ပေးပါ။
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...