Monday 30 March 2015

ဇီဝိတဒါနကုသိုလ်


ဇီဝိတဒါနအလှူအား Share ခြင်းဖြင့်များဝေနေတို့
သက်တော်မြဲကြပါစေကုန်သတည်း  . .
ကုသိုလ်ရှင် . . .ဒိုးကြီး
̏လောဘော အတ္ထံ နဇာနာတိ˝
လောဘော ၊တိုင်းကားပြည်သူကမ္ဘာသူကမ္ဘာသားတို့အားနှိပ်စက်
တက်သောလောဘတရားသည်။ အတ္ထံ ၊မိမိသူတစ်ပါးတို့၏အကျိုးစီး
ပွားကို ကုသိုလ်တရားတို့အား။နဇာနာတိ၊မသိတော့ပေ။
ကျွန်ုပ်၏နံက်ခင်းသည် အကုသိုလ်ကင်းစင်လှသည်။ ကျွန်၏
အသက်လေးဆယ်ကျော်ခရီးကို အနုလုံပဋိလုံ ပြန်လှန်
စဉ်းစားသုံးသပ်ရင်း အထက်ပါ ပါဠိတော်စကားလုံးလေးကို
နှလုံးသွင်းမိခဲ့ခြင်းဖြစ်ပါသည်။
မင်္ဂလာဟူသည် နေထဲလထဲကဆင်းသက်လာတာမျိုးမဟုတ်။
မိမိရဲ့နံက်ခင်းတွင် မိမိ၏မင်္ဂလာကို မိမိသာဖန်ဆင်းလိုက်ခြင်းဖြစ်
သည်။ ကျွန်ုပ်သည် နံက်အိပ်ယာထပြီဆိုတိုင်းဘုရားဂုဏ်တော်ထက်
မိမိဖြတ်သန်းခဲ့ရသော ဘ၀နာရီများကိုသာ အပြန်ပြန်အလှန်လှန်
သုံးသပ်ဆင်ခြင်ပါသည်။ ထိုအထဲမှာမှ မိမိ၏မိုက်မဲ့မှုများကို မြင်သည်
ရိုးသားမှုများကိုတွေ့သည်။ မိုက်မဲမှုများကိုနောက်နောင်မပြုလုပ်ရန်
မိမိ၏ဦးနှောက်အား commentပေးခဲ့သလို ရိုးသားမှုများကို အကြိမ်ရာ
ထပ်ထပ်လုပ်ဆောင်သင့်ကြောင်း မှတ်ချက်ပြုခဲ့ပါသည်။
ဗုဒ္ဓ၀ါဒဟူသည် ဘုရားဂုဏ်တော်များကို ထုံမွှမ်းနေရုံမျှဖြင့် ပြီးစီးသည်
မဟုတ်။ ကုသိုလ်နှင့်အကုသိုလ်ကိုသိရှိပြီး ကုသိုလ်ကိုဆောင်အကုသိုလ်
ကိုရှောင်ရမည်မဟုတ်ပါလော။
သို့ကြောင့်ကျွန်န်ုပ်သည် နံက်အိပ်ယာထတိုင်း မိမိဘ၀ကောက်ကြောင်း
ကို ပြန်လှန်လှောကြည့်ရှု့ပြီးမှသာအိပ်ယာထလေ့ရှိပါသည်။
အခုလည်း ကျန်ရစ်ခဲ့သော ကျွန်ုပ်၏ဘ၀သရုပ်ဖေါ်ပန်ချီကားများကို
မှန်းဆကြည့်ရှု့ရင်း̏ လောဘော အတ္ထံ နဇာနာတိ˝ ဆိုသောပါဠိတော်
စကားရပ်လေးသည် ကျွန်ုပ်နှလုံးအိပ်ဝယ်ပဲ့တင်ထပ်ခဲ့သည်။
လောဘတရားဟူသည်  . . .
တိုင်းပြည်ကို ကျွန်သဘောက်အဖြစ်လည်း ပုံစံပြောင်းနိုင်သည်
သယံဇာတများအားလည်း ကုန်ခမ်းနိုင်သည်
ဘာသာတရားများလည်း ပျက်ဆီးနိုင်သည်
နိုင်ငံနှင့်လူမျိုးကို ပြုတ်ပြုတ်ပြုန်းနိုင်သည်
မိမိ၏အကျိုးစီးပွား အခြားသူ၏အကျိုးစီးပွားကို နားမလည်တော့ပေ ၊
ယင်းသို့မသိခြင်းကြောင့် မိမိ၏အကျိုးစီးပွားကုသိုလ်တရားများသည်
လည်း ဆုတ်ယုတ်ခဲ့ရသလို အခြား
သောတိုင်းသူပြည်သားများ၏အကျိုးစီးပွားများသည်လည်း ပျက်ဆီးခဲ့ရ
သည်ကား ကျွန်ုပ်တို့၏မျက်မြင်ပင်မဟုတ်ပါလော။
ထို့ကြောင့်  . .
̏လောဘော အတ္ထံ နဇာနာတိ˝ စကားလေးသည် တိုလည်းတို
လှလည်းလှ ထိလည်းထိမိလှသည်။ ထိုပါဠိတော်လေးကို
နှုတ်ဝယ်အရဆောင်ခြင်းဖြင့် ပရိယတ္တိဓမ္မကို သိအပ်၏။ ထိုမှတ
ဆင့် နှလုံးသွင်းဆင်ခြင်းခြင်းသည် ပဋိပတ္တိဓမ္မကိုဖြစ်စေသည်။
ယင်းပဋိယတ္တိဓမ္မမှကြိမ်ကြိမ်ထပ်ထပ်လေ့ကျက်အပ်သောအခါ
ကျွန်ုပ်တို့၏နှလုံးအိမ်ဝယ် penetration ဟုခေါ်ဆိုအပ်သော
ပဋိဝေဓဓမ္မတို့သည်ရအပ်သည်မဟုတ်ပါလော . .
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...