Monday 9 March 2015

ဆရာကိုမျက်ကွယ်ပြုခဲ့မိသူ



ဤဆောင်းပါးကို Like သူ Shar သူအားလုံး ဆရာကြီးလောကသဘာဝရဲ့
အပြုံးရနံ့များဖြင့် အသက်ရှည်ကျန်းမာချမ်းသာကြပါစေဟုဆုတောင်းမိပါသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~ ~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
ကျွန်တော်ရဲ့ ဦနှောက်သုံးခန်းမှာ တစ်ခန်းပဲအလုပ်လုပ်တော့တယ်ဗျ။
Thinking အဲဒီတစ်ခန်းပဲအလုပ်လုပ်တော့တယ်။ကျန်တဲ့အခန်းနှစ်ခန်းက
မဖွယ်မရာမပြောစလောက်ပဲ လှုပ်ရှားတော့တယ်။ ဒါကိုကျွန်တော်လွန်ခဲ့တဲ့
ငါးနှစ်လောက်ကမှသတိထားမိခဲ့တာပါ။
မွေးဗီဇတစ်ခုလို့ပဲပြောရမယ်။ ကျွန်တော် ငယ်စဉ်ကတည်းက တွေးပဲတွေးနေ
မိတာပါ။ လူကြီးတစ်ယောက်က . ..
 ̏ ဘ၀ဆိုတာ မမြဲဘူး˝
 ̏ ကိုယ်စားလိုက်တဲ့ အစားတွေတောင် ချီးဖြစ်ကုန်တာ˝
စသည်ဖြင့် စသည်ဖြင့် ညဥ့်ဦးလက်ဖက်ရည်ဝိုင်းမှာ ပြောခဲ့တဲ့ ကျေးလက်က
ကျွန်တော့ဘကြီးဘိုးကြီးများရဲ့စကားတွေကို ထိုခလေးဘ၀ကတည်းက
ကြားတာနဲ့တစ်လျှောက် မမြဲတဲ့သဘောကို ကိုစဉ်းစားမိတယ်ဗျ။
စကားကြွင်း (ဒီနေ့ခေတ်မှာ ရပ်ကွက်ကျေးရွာတွေမှာ ညဉ့်ဦးယံလက်ဖက်ရည်
စကားဝိုင်းဓလေ့များကွယ်ပျောက်ကုန်ပြီ ဓမ္မသံဝေဃဉာဏ်များကို ပြောနိုင်
ဆိုနိုင်သောလူကြီးလူကောင်းများလည်း ရှားပါးကုန်ခြင်းကြောင့်လည်းဖြစ်နိုင်သည်။)
ကျွန်တော့စကားလေးပြန်ကောက်မယ်နော်  .. .
ဒီတော့ကျွန်တော့ဘ၀မှာ မှတ်သားဉာဏ်ကိုဗဟိုပြုခြင်းထက် အတွေးဉာဏ်များ
ဖြင့်သာ အချိန်ကုန်လေ့ရှိပါတယ်။
အခုလည်း  .. .
ကျွန်တော်ပန်းချီဆွဲနေရင်း ကောက်ခါငင်ကာ အတွေးတစ်ခုရလာပါတယ်။
ကျွန်တော်ဆွဲနေတဲ့ပန်းချီက ကြာပန်းတွေဗျ။ သဘာဝအလှတွေပေါ့ဗျာ။
ဒီလိုဆွဲတက်အောင် ကျွန်တော့ကို လက်ထပ်သင်ကြားပေးခဲ့သူက
̏ဦးခင်မောင်နီ˝ ကလက်ဦးဆရာပဲ။ ဒုတိယကဆရာ ̏ စက်ဝိုင်း˝ ဗျ။
နောက်ဆရာတစ်ယောက်က ̏ နတ်ဇိုး˝ ပါ။ သူတို့သုံးဦးမှာ ဦးခင်မောင်
နီနဲ့ စက်ဝိုင်းတို့ကတော့ ကျွန်တော့ကို လက်ထပ်သင်ပေးခဲ့သူတွေပါ။
ဒီလိုနဲ့ ကျွန်တော် ပန်ချီးလောကထဲရောက်ခဲ့တယ်ပေါ့။ သူတို့သုံးဦးကပဲ
ကျွန်တော့်ဆရာသမားတွေလို့ ထင်မြင်မိခဲ့တယ်။
အခုတော့မှာ ကျွန်တော့ရဲ့ လက်ဦးဆရာအရင်းခေါက်ခေါက်ကြီးကိုသတိ
ထားမိပါတော့တယ်  .. . သူ့နာမည်က ဆရာကြီး ̏ လောကသဘာဝ˝ ပါ။
ခင်ဗျားတို့ ကြားဖူးပါသလား။ သူဟာ တကယ့်ကမ္ဘာကျော်ပန်းချီဆရာကြီးပေါ့။
ကမ္ဘာပေါ်မှာပေါ်ပေါက်ခဲ့ဖူးသော ပန်းချီဆရာဆိုသူများဟာ ဆရာကြီး
̏လောကသဘာဝ˝ ရဲ့ လက်အောက်ခံတပည့်တွေပါပဲခင်ဗျား။
ကျွန်တော်ဟာ ဒီနေ့မနက် 10.3.2015 ။ 9နာရီကျော်လောက်မှာမှ ကြာပန်း
ပန်ချီကိုဆွဲရင်း ထိုဆရာကြီးကိုအသိထားမိပါတော့တယ်။
ဟုတ်ပါတယ်ခင်ဗျား  . . .
ပန်ချီဆွဲသူ မဆွဲသူ မည်သူမဆို ပန်းချီဆရာကြီး ̏ လောကသဘာဝ˝ ရဲ့
သင်ကြားခြင်းကို မိခင်ဝမ်းထဲကထွက်ကတည်းက ကျွန်တော်တို့အားလုံး
သင်ကြားခဲ့ရပါတယ်။
အရှေ့ပုဗ္ဗာအရပ်ဆီက ရောင်နီဝန်းကြီးသည် ကျွန်တော်တို့ငယ်စဉ်က
အရမ်းကိုကြည့်လို့ကောင်းတဲ့ ပန်ချီကားကြီးတစ်ချပ်ပေါ့။ ဆေးနီစက်တွေ
ယိုဖိတ်ထားတဲ့ ထိုပန်ချီးကားကြီးအလှကို ကျွန်တော်တို့အား ဆရာကြီး
̏လောကသဘာဝ˝ က ပြသခဲ့တယ်။ အနောက်ယွန်းယွန်းကို သူပြန်တော့
မယ်ဆိုတော့လည်း တောင်ဆွယ်တွေ  ထန်းနောင်းပင်တွေ ထန်းပင်တွေ
မကျည်းပင်အိုညို့ညို့တွေကြားထဲကနေ လိမ္မော်ရောင် ဆေးစက်တွေနဲ့
ညနေခင်းအလှပန်းချီကို သူဆွဲပြခဲ့ပြန်ပါတယ်။
အခုကျွန်တော်ဆွဲနေတဲ့ ရေကန်ပြင်ထဲက ကြာပန်းနီနီတွေနဲ့ အစိမ်းရောင်
အရွက်ဖက်ကြီးတွေဟာ တကယ့်အလှတရားတွေပဲမဟုတ်ပါလား။ ဒီပန်း
ချီကားအစစ်ဟာ ဆရာကြီး̏ လောကသဘာဝ˝ ကအရင်လက်ဦးကျွန်တော့ကို
ဆွဲပြခဲ့တာမဟုတ်ပါလား  .. ခင်ဗျာ။
ကျွန်တော်ဟာ  . . နှစ်ပေါင်းများစွာ သင်ကြားပြသခဲ့သော လက်ဦးဆရာရင်း
ဖြစ်သူ ဆရာကြီး ̏ လောကသဘာဝ˝ ကို မသိခဲ့ ၊ မထင်မမှတ်မိခဲ့သည့်အတွက်
ပန်းချီကောင်းကောင်းမဆွဲတက်ခဲ့ဘူး။ အခုတော့ ကျွန်တော်သိခဲ့ပြီ  . .
ကျွန်တော့မှာ ယခင်ပန်ချီဆရာသုံးဦးနှင့်တကွ ဆရာကြီး ̏ လောကသဘာဝ˝
ပါ ရှိနေနှင့်လေပြီ။
ကျွန်တော်တို့သည် . . . ဆရာကြီး̏လောကသဘာဝ˝ကို မျက်ကွယ်ပြုခဲ့သလို
ယင်းဆရာကြီကိုပင် ဖျက်ဆီးချိုးနှိမ်ခဲ့ကြသည်။
ဆရာကြီးက  . . .
ကျွန်တော်တို့ နေဖို့ ကျွန်းပင်တွေ  ..  အင်ကညင်ပင်တွေ ၀ါးပင်တွေ အစုံ
အလင်ဖန်တီးရေးဆွဲပေးခဲ့တယ်။ ဒါကို ကျွန်တော်တို့က အတ္တကိုယ်ကျိုး
စီးပွားအတွက် ခိုးယူရောင်းစားကာ ဒေါ်လာငွေများဖြင့် ဘီလျှံနာသူဌေး
ပွဲခံခဲ့တယ် . . .။
ဆရာကြီးက  . . .
ကျွန်တော်တို့စားဖို့ စပါးပင်တွေ ဂျုံ ပဲပြောင်းပင် မျိုးစုံကို ရသမရိုးအီရအောင်
စိုက်ပျိုးရေးဆွဲပေးခဲ့တယ်။ ဒါကို ကျွန်တောတို့က ယင်းလယ်ယာမြေများကို
သိမ်းယူ ဖျက်ဆီး အိုးအိမ်တွေကို အလျှံမယ်ဆောက်ပစ်ကာ တိုက်ခန်းများ
ကိုရောင်းပြီး အတ္တလွန်အကျိုးစီးပွားအဖြစ် ခရိုနီနာမည်တပ်ကာ သူဌေးပွဲခံ
လိုက်ကြပြန်တယ်  . .. ။
ဆရာကြီးက  . .. .
ကျွန်တော်တို့အတွက် အပူအအေးမျှဖို့ တောင်တွေ တောကြီးတွေ မြစ်ကြီး
တွေ ချောင်းကြီးတွေ ကိုအပင်အပန်းခံကာ ဖန်တီးရေးဆွဲပေးခဲ့ပြန်ပါတယ်။
ဒါကိုပဲကျွန်တော်တို့က ကြေးနီသတ္ထုသိုက် ဘာညာဓါတ်ငွေ့သိုက် တွေတူး
ဖေါ်လိုတဲ့အတွက် ယင်းတောင်ကြီး တောကြီး မြစ်ကြီးများကို ဖျက်ဆီးပစ်
ခဲ့ကြပြန်ပါတယ် . . ။
ဒီတော့ ဘာဖြစ်လည်း  . . ကျွန်တော်တို့ဟာ ဆရာကိုအာခံဆော်ကားခဲ့တဲ့
အတွက် တန်ပြန်ဒုက္ခကတော့  .. .
ရာသီဥတုဖေါက်ပြန်ခြင်းတစ်ခုတည်းပါပဲ  .. . အဲဒီရာသီဥတုဖေါက်ပြန်တာ
နဲ့တစ်ကွ ဆိုးကျိုးများဟာ မရေမတွက်နိုင်အောင်ပါပဲ။ ဘေးဒုက္ခတွေကလည်း
မရေမတွက်နိုင်အောင်ပါပဲ။ ဖေါက်ပြန်မှုတစ်ခုတည်းပေါ်မှာ ကျွန်တော်တို့
အားလုံးညီတူမျှတူခံစားလိုက်ရတဲ့ ကပ်ဘေးဒုက္ခတွေကတော့ အနန္တပါ။
ဒါ့ကြောင့် ကျွန်တော်တို့တွေအားလုံးဟာ ပန်းချီသင်ကြားခြင်း မသင်ကြားခြင်း
ထက် ၊ ၀ါသနာပါခြင်း မပါခြင်းထက် ၊ ပန်ချီဆရာကြီး ̏ လောကသဘာဝ˝
ကို မထိမဲ့မြင် မပြုဖို့ပါပဲ။
ကျွန်တော်တို့အားလုံးကို ပန်းချီဆရာကြီးလောကသဘာဝက စားစာရာတွေ
ရေးဆွဲ နေထိုင်စရာတွေရေးဆွဲ သက်တည်မျှတဖို့ အပူအအေးတွေကိုလည်း
ညီမျှအောင်ရေးဆွဲပေးခဲ့တယ်မဟုတ်ပါလား  .. ။
ဒါကို ကျွန်တော်တို့ဟာ ငါ့မိသားစုကောင်းစားရေး  .. .  ငါ့အမျိုးအနွယ်ကြီး
ပွားရေးဆိုတဲ့ နွားလိုတစ်ဘို့တည်းကျင့်ကာ ရောင်းစားဖျက်ဆီးနေပါက
ကျွန်တော်တို့အားလုံးအတွက် ရာသီဥတုဖေါက်ပြန်ခြင်းတွေက ချက်ခြင်း
ရောက်လာမှာပါ။
အခုပဲ မိုးလေ၀သက ဒေါက်တာဦးထွန်းလွင်က တရားဝင်ထုတ်ပြန်ခဲ့တယ်
ဒီနှစ်မှာ ယခင်ထက် ပိုပူလာမယ်။ အပူရှိန်မြင့်လာမယ်။ အပူလှိုင်းဖြတ်မယ်
လို့ ကြိုတင်သတိပေးခဲ့ပါတယ်။
ဒါကိုကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ဟာ အတ္တအကျိုးစီးပွားအတွက် ဆရာ
ကြီး ̏လောကသဘ၀˝ ကို မျက်ကွယ်ပြုခဲ့ခြင်း ။ ဒေါ်လာနှင့်လည်းလှယ်ခဲ့
ခြင်းတွေရဲ့ ဆိုးကျိုးရလဒ်တွေပဲမဟုတ်ပါလားခင်ဗျား  .. . ။
မှတ်ချက်။
ဤဆောင်းပါးကို Like သူ Shar သူအားလုံး ဆရာကြီးလောကသဘာဝရဲ့
အပြုံများဖြင့် အသက်ရှည်ကျန်းမာချမ်းသာကြပါစေဟု ဆုတောင်းမိပါသည်။
ရင်နာစွာဖြင့်
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...