Monday 9 March 2015

ဤလူ့ဘုံ



♥ အသိမစုံ ဤလူ့ဘုံ ၊ ငြင်းခုံကြလေသည်
♥  အသိလည်းစုံ ဒီလူ့ဘုံ မငြင်းခုံတော့ပြီ . . . . တဲ့ခင်ဗျား။
ငြင်းခုံခြင်း နှုတ်လှန်ထိုးခြင်းဆိုတာ အသိဉာဏ်မကြွယ်ဝသူများရဲ့
အမူအကျင့်တွေမို့ .. ကျွန်တော် ဒိုးကြီး ထို ငါးစိမ်းသည်တို့၏
အလေ့အထကို ရွံပါသည်။
နွေးထွေးပြူငှာစွာဆွေးနွေးခြင်း  .. မိမိသိထားသောအသိတရား
အပေါ်မှာ အပြန်အလှန်သုံးသပ်တင်ပြခြင်း စသည့်များသည်
ဗုဒ္ဓဟောကြားသော ဗဟုသိပ္ပဉ္စ မင်္ဂလာတရားမို့ ကျွန်တော်
ဒိုးကြီး ခံတွင်းလိုက်ပါသည်။ တစ်ခါ သုံးဆဲ့ရှစ်ဖြာမင်္ဂလာတရား
တော်နှင့် ယှဉ်ထိုးကြည့်ပြန်သောအခါ  . .. ထိုအပြုသဘော
ဆောင်သောဆွေးနွေးခြင်းများသည် ဓမ္မဒေနသာ၊ဓမ္မသာကစ္ဆာ
ဓမ္မဒါန ဆိုသော မင်္ဂလာများမို့  . . ကျွန်တော်ဒိုးကြီး မြိန်ရည်
ယှက်ရည်သုံးဆောင်ပါသည်။
သို့ဖြစ်ပါ၍ ဒိုးကြီးရဲ့ စကားစုများအောက်မှာ comment အငြင်း
အဆန်များကို ဖျက်မဖျက်မဖျက်ပါဘူး။ နှုတ်လှန်၍လည်းမထိုးပါဘူး။
ရေးသူရဲ့အဆင့်အတန်းသည် ထိုရေးသူ၏ စကားလုံးများကသာ
သတ်မှတ်ပိုင်းခြားခြင်းကိုခံရမည်ဖြစ်သည်။
ဒေါသတရားသည် ယင်းကို ဗဟိုပြုသောသူအားသာပူလောင်စေသည်။
ယင်းကို မျက်ကွယ်ပြုသောသူအား ပူလောင်မှုကိုမပြုနိုင်။
(ဒိုးကြီး)
ထို့ကြောင့်  . . . .
လေးစားစွာဖြင့်
ဒိုးကြီး
Reference
ဒီပဲရင်းဆရာတော်ဘုရားကြီးရေးသားတော်မူသော
သမန္တာစက္ခု ဒီပနီကျမ်း။

No comments:

Related Posts Plugin for WordPress, Blogger...