Sunday 29 March 2015

မသိခြင်း



အာဏာရှင်ဆိုတာလည်း  .. .
သူသိစရာမလိုဘူး  . .။
ကဗျာသခင်ဆိုတာလည်း  . . .
သူမသိပြန်ဘူး  .. ။
နိုင်ငံသားတစ်ယောက်ကိုကျွေးငါးသိန်းဆပ်ရမယ်ဆိုတာလည်း
သူ သိစရာမလိုဘူး  . . .။
ထမင်းတစ်နပ်လျှော့စားခိုင်းပြန်တော့လည်း  . ..
သူ မသိဘူး . . .။
ပါးရိုက်မယ်လို့ပြောတာလည်း  . ..
သူမသိဘူး  . . .။
လက်ပတောင်းတောင်ကြီးတရုတ်သိမ်းသွားတယ်ဆိုတာလည်း
သူမသိဘူး  . .။
ဒေါ်ခင်ဝင်းကိုသေနပ်နဲ့ပစ်သတ်သွားတယ်ဆိုတာလည်း
သူမသိဘူး  . .. ။
လယ်လုပ်ပြီး လယ်ယာမြေသူခိုးအဖြစ်ထောင်ကျနေတယ်ဆိုတာလည်း
သူမသိဘူး  . . .။
ကောင်းပါတယ်  . . .သူသိတာတစ်ခုပဲရှိတယ်  . .
ယစ်မူးခြင်းနှင့်လဲပြိုသွားတယ်ဆိုတာပါပဲ  . . .
စိတ်မကောင်းစွာဖြင့်ရေးလိုက်ရပါသည်။
ဒိုးကြီး



No comments:

Related Posts Plugin for WordPress, Blogger...