Sunday 1 March 2015

ကဝေမြို့တော် . .



ခင်ဗျားတို့ ပုဂံကို ဘယ်လိုမြင်သလဲ? ။ ဒီလိုမေးတော့ ညီမျှခြင်းမရှိတဲ့ကမ္ဘာမြေအတွက် အခုလိုမေးမိသူ ဒိုးကြီးအတွက် ရိုင်းသလိုဖြစ်သွား
တယ်ထင်တယ်။
Sorry ဗျာ။ ကျွန်တော့ရင်ဘတ်ထဲ တင်းကျပ်လာလို့ ထွက်ပေါက်အဖြစ်
အခုလိုချရေးမိလိုက်တာပါခင်ဗျာ။
ပုဂံကို  . . .
ဘာသာရေးမျက်စေ့နဲလည်း မကြည့်ကြပါနဲ့  . .
လူမျိုးရေး မျက့်စေ့နဲ့လည်း မရှု့မြင်ပါနဲ့  .. .
ပုဂံကိုလေ  . ..
အနုပညာမျက်စေ့နဲ့ပဲကြည့်လိုက်ရင်  . . .
ပုဂံဟာ  . ..  ဟိုးတစ်ချိန်တုန်းက
ကဝေကြီးတွေနေတဲ့မြို့ ဖြစ်ခဲ့တယ်  .. ။
အနုပညာကဝေကြီးတွေပေါ့  . . ခင်ဗျာ။
ကျွန်တော် သူတို့ရဲ့ အနုပညာရပ်များကို လေးစားကြည်ညိုမိပါတယ် ။
အခုဆွဲနေတဲ့ ဘီလူးကြီးဟာ မျက်လုံးတစ်လုံးထဲကိုပဲ ကျွန်တော်နှစ်ရက်
တောင်အချိန်ယူခဲ့ရပါတယ်။
အဲဒီလောက်ကြီးကို ကဝေဆန်နေတဲ့မြို့တော်ကြီးဗျ။
အဲဒီကဝေမြို့တော်ကြီးကို ကျွန်တော်မရောက်ဖြစ်ခဲ့တာ တစ်နှစ်ကျော်တောင်
ကြာခဲ့ပြီ  . .. ကိုး  . . .
မှတ်ချက်။   ။
ကဝေဟု သုံးနှုန်းလိုက်ခြင်းသည်ပုဂံအနုပညာက၀ိများအား
အနှိုင်းအဆမဲ့လွန်ကျူးဂုဏ်မြောက်တင်စားခြင်းသာဖြစ်သည်။
လေးစားစွာဖြင့်
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...