Tuesday 24 March 2015

DESIRE



title = DESIRE
description= art
Size = 24×18
Price = us-500
ph - 09795266625
72doegyi@gamil.com
DESIRE
☀✂ ✂ ✂ ☀ ✂ ✂ ✂ ☀ ✂ ✂ ✂ ☀ ✂ ✂ ✂ ☀
လောဘအလို ၊ တဏှာပိုတော့
သူ့ကိုချစ်ခင် ၊ စိတ်ကောင်းဝင်၏
သူသူပြုသမျှ ၊ သမုဒယတို့
သာယာနာမှု ၊ ပျှော်ဖွယ်ပြု၏
သောက်တိုင်း သောက်တိုင်း
ငတ်မရိုင်းသည့် ထို့သည့်ရေငံပင်လယ်တည်း။

တပ်ခြင်း စွန်းထောင် ၊ ရာဂမှောင်က
အမှောင်ဟူသမျှ မှောင်တို့မျှထက်
ထို့သည့်အမှောင် ရာဂမှောင်ကား
မိုက်မှောက်ထက်ပင် မှောင်မဲမှင်၏။

အလှသူလေး ၊ လှပဂေးနှင့်၊
သူလေးအလှ ၊ အဖုကြွသို့
စိတ်လိုက်မာန်ပါ ၊ မြူးကြရှာ၏

နေ့လည်းနေ့လိုက် ၊ ညည့်လည်းညည့်ခိုက်
နာရီစက်ခြား ၊ တဏှာယားက
အာသာမပြေ ၊ ယားမြဲနေ၏

ထို့သည့်တဏှာ ၊ မိုက်ရာဂါကို
နိုင်ထက်နှိမ်နင်း ၊ ဓမ္မသင်းနှင့်
သပ်၍လျှိုသျှို ၊ လည်ကိုလှီးဖြတ်
ထန်းပင်သတ်သို့ ၊ အပ္ပာမဒတရား
လက်ကိုင်ထားကာ ၊ တရားလက်မလွှတ်စေနဲ့ . .မင်း။

No comments:

Related Posts Plugin for WordPress, Blogger...