Monday 30 March 2015

̏နွားမေတ္တာစာ˝



ဓမ္မဒါန ၊ ပြုဝေငှသည်၊ နတ်လူသာဓုခေါ်စေသောဝ်
̏နွားမေတ္တာစာ˝
လူတို့လို ၊တီတီတာတာမပြောတက်ရှာတော့၊ ငုတ်တုတ်သာမပြန်လှန်၊
ပြုသမျှခံရရှာသည် ။ ဌာန်ကရိုင်းပြတ်သား ၊ နှုတ်လျှာများ ၊တပ်ထားလျှင်၊
နွားတို့က ဆိုရန် အခွင့်ရှိသည်မှာ . . . .
သူတို့ဘေး ၊သူတို့ဘိုး ၊သူတို့နွယ်တရိုး ၊ တစ်မျိုး၊တစ်ဆွေလုံး၊သူတို့တိုင်မဆုံး၊
တို့တွေပုခုံးမှာ ၊ မီးဟုန်းဟုန်းထမတက်၊ တို့လုံ့လ၊ တို့စွမ်းအင်၊
တို့ပင်ပန်းခံနိုင်လို့၊ဆန်စပါးပြောင်းနှမ်း၊ဗူးဂျုံခရမ်း၊ပဲအမျိုးမျိုး၊မြေပြင်လုံး
မောက်ဖြိုးအောင်၊တိုးတက်လာဘဏ္ဍာနှင့်၊ လိုရာအတိုင်းပြည့်စုံကုံလုံကြ၊
အသီးသီး ၊ ကျောင်းကြီးဆောက်၊ဘုရားတည်၊တစ်တိုင်းလုံးကြွယ်သည်မှာ၊
ဘယ်သူအရင်းခံဟု၊ စဉ်းစားဖွယ်မရှိ၊ အထင်းသားသိပါလျက် . . . ။
မိုက်ချက်ကယ်လွန်ကျူး၊ ကျေးဇူးကိုမမျှော် ၊ စိတ်အချော်တိမ်းပါး၊
မိတ်မတော်စိမ်းကားလျက် . . . ။
တို့အသား ၊ တို့အသဲ ၊ တို့အဆီရွှဲရွှဲကို၊ ထမင်းပွဲအလည်မှာ၊ အနင့်သား
တည်ပြီးလျှင်၊အရသာခံစား၍ ၊ လင်မယားတတွေ၊မြုံကြသည့်အနေမှာ . . . ။
မြိန်နိုင်ပေ့သူတို့ကိုယ်၊ မျိုရက်ပေ့သူတို့ခံတွင်း၊ တို့လုပ်သည့်ထမင်းကို၊
တို့ဟင်းလျှာအသားနှင့်၊ စားကြသည့်အဖြစ်တွေ၊
တို့အသည်းနာလှချည့်ရဲ့လေး  .. . ။
ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး
ဓမ္မဒါနပြုပါသည်၊ ကုသိုလ်ကိုစိတ်ဝင်စားသူတိုင်းဝေမျှနိုင်ပါသည်။
လေးစားစွာဖြင့်
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...