Wednesday 4 March 2015

̏ပေါက်ပင်ဘာ့ကြောင့်ကိုင်းရတယ်˝


 ̏ပေါက်ပင်ဘာ့ကြောင့်ကိုင်းရတယ်˝ ဆိုတဲ့ အမည်မသိရှေးစာဆိုကဗျာလေးကို
လူတိုင်းကြားဖူးကြပါတယ်။ ဒီလိုပါပဲ ဗျာ။ ရဲဆိုတာ စစ်သားဆိုတာ ပြည်သူပါပဲ
ဒဲ့ပြောရင် ကျောင်းသားဘ၀ကနေမှ ရဲ၊စစ်သား၊အင်၈ျင်နီယာ၊ ဆရာဝန်၊ဆိုက္ကား
ဆရာ ၊စသည်ဖြင့် ကွဲပြားသွားရတာပါ။ လမ်းနဘေးက ရေခဲရေရောင်းနေတဲ့
အကိုကြီးကလည်း အနည်းဆုံး မူလတန်းအဆင့်အလယ်တန်းအဆင့်တော့
တက်ခဲ့ဖူးတာပါပဲ။
ဒီတော့ ကျွန်တော်ပြောချင်တာက အခုခင်ဗျားတို့မြင်တွေ့ရတဲ့ဓာတ်ပုံတွေ
ကိုကြည့်ပါ။ အထက်က ခိုင်းလို့ ဘ၀ပေးအခြေအနေအရ ̏ ပေါက်ပင်ကိုင်း˝
ကြရတဲ့ ရဲတွေ  .. စစ်သားတွေအတွက် ကျွန်တော် လူသားခြင်းစာနာပေးလိုက်
ပါတယ်။
̏ ပေါက်ပင်ဘာ့ကြောင့် ကိုင်းရတာလဲ ? ˝
̏ ဗျိုင်း နားလို့ကိုင်းရတာပါ။˝
̏ ဗျိုင်းဘာ့ကြောင့်နားရတာလည်း ?˝
̏ ငါးပေါ်လို့နားရတာပေါ့˝ . ..  စသည်ဖြင့် စသည်ဖြင့်တွေးရင်း . .
မဟာဂန္ဓာရုံဆရာတော်ကြီးရေးသားစပ်ဆိုတော်မူခဲ့သော
̏  ငါတို့ နေရာ ဤ ကမ္ဘာ ၊ တဏှာအုပ်စိုးသည်˝
̏ တဏှာစေရာ မနေသာ ၊ ဖွေရှာဆက်ရာသည်˝
̏ ရသည့်ဥစ္စာ ချစ်သူပါ ၊ စွန့်ခွာသွားရသည်˝
̏ တကယ့်အရေး ၊ တကယ့်ဘေး ၊ဘယ်သွေးဘယ်သားမကယ်ပြီ˝
̏ ငါနှင့်ရွယ်တူ ငါ့အောက်လူ ကြီးသူသေကြ များလှပြီ˝ စသည်ဖြင့် စသည်ဖြင့်
တဏှာ အမိုက်သမားတို့ကြီးစိုးဗိုလ်လုပ်ခွင့်ရသော နိုင်ငံများ ကမ္ဘ့ာများတွင်
ထိုတိုင်းနိုင်ငံပြည်သူတို့ မပြောပြနိုင်သော ဘေးဆိုးဒုက္ခအပေါင်းကြရောက်ခံ
စားကြရသည်။
ထို့ကြောင့်  ..  မြန်မာနိုင်ငံတွင်လည်းကောင်း ၊ ကမ္ဘာတွင်လည်းကောင်း
တဏှာအမိုက် ဒေ၀ဒတ်လမ်းစဉ်လိုက်ကြသော မိစ္ဆာလိုဆိုးကြီးမားကြကုန်သော
ခေါင်းဆောင်များ ဆိတ်သုန်းပျောက်ကွယ်ပါစေဟု ကျွန်တော်ဒိုးကြီး ဆန္ဒပြုပါသည်။
ရင်နာစွာဖြင့်
ဒိုးကြီး


No comments:

Related Posts Plugin for WordPress, Blogger...