Monday 9 March 2015

အိပ်မက်အသစ်


အားလုံးမှာ  . . ..
ဆွဲလက်စ ပန်ချီကားတွေရှိတယ်  .. ။
ရေးလက်စ ကဗျာတွေရှိတယ်  . .. ။
သောက်လက်စ ၀ီစကီတစ်ပုလည်းလည်း ရှိတယ်  . .။
ဒါပေမယ့်ဗျာ  . .။
အဲဒါတွေအားလုံးဟာ  . .
ချစ်လက်စချစ်သူတစ်ယောက်ရဲ့ အနမ်းလောက်မချိုမြိန်နိုင်ဘူးဆိုတာလက်ခံလား။
ကျွန်တောကတော့ ငြင်းဆန်တယ်  . ..
ချစ်လက်စချစ်သူတစ်ယောက်ဆိုတာ . . .
ကိုယ့်ရင်ဘတ်ကို အချိန်မရွေးခုတ်ထစ်သွားနိုင်တယ်ဗျ။
ဆွဲလက်စ  ..
ရေးလက်စ  ..
သောက်လက်စ  . .. တွေက
ဆွဲတိုင်း  . .ကြွတယ်
ရေးတိုင်း  ..  လှတယ်
သောက်တိုင်း  ..  မူတယ်  . .ဗျ။
ဒါ့ကြောင့်မို့  . .
ချစ်လက်စချစ်သူတစ်ယောက်ကို ကျွန်တော်ဒီနေ့မနက်ကပဲ
လွှတ်ပစ်လိုက်ခဲ့တယ်  . .. ။
အိပ်မက်ထဲမှာ  . .  နော်  .. ။
လေးစားစွာဖြင့်
ဒိုးကြီး
ကျွန်တော်လို့ အိပ်မက်မက်ဖူးသူများရှိရင် Like ကြပါဦးခင်ဗျား။

No comments:

Related Posts Plugin for WordPress, Blogger...